Paramount+ will launch in Europe in 2022

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.8.2021 | Paramount+ ကို ဥရောပနိုင်ငံများတွင် ၂၀၂၂ ခုနှစ်မှစတင်၍ launch ပြုလုပ်သွားမည်

Paramount+ ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ViacomCBS ဟာ Paramount+ ကို UK, Austria, Germany, Ireland, Italy နှင့် Switzerland နိုင်ငံများတွင် ၂၀၂၂ ခုနှစ်အတွင်း စတင် launch ပြုလုပ်နိုင်ရန်အတွက် Sky နှင့် သဘောတူညီချက်တစ်ခုကို ချုပ်ဆိုခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

အဆိုပါသဘောတူညီချက်ဟာ Paramount+ ရဲ့ streaming ဝန်ဆောင်မှုများကို Sky TV ဝန်ဆောင်မှုလုပ်ငန်းရဲ့ Platform များပေါ်တွင် ကြည့်ရှုနိုင်စေမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ Sky ဟာ ViacomCBS ရဲ့ အခကြေးငွေ ပေးခြေရမည့် Comedy Centeral ကဲ့သို့သော TV channel များကို ပိုမိုကျယ်ပြန့်စွာရရှိနိုင်စေရန်ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ 

အသုံးပြုသူများအနေနဲ့ Bundle များအနေဖြင့်သော်၎င်း Paramount+ သို့ တိုက်ရိုက် subscribe ပြုလုပ်ခြင်းအားဖြင့်သော်၎င်း ဝယ်ယူနိုင်မှာဖြစ်ပြီး Sky Cinema Subscriber များကတော့ Paramount+ ကို အခကြေးငွေထပ်မံပေးခြေစရာမလိုပဲ ရရှိနိုင်မှာဖြစ်ပြီး အခြားသော Sky customer များကတော့ Paramount+ ကို သူတို့ရဲ့အကောင့်များအတွင်းသို့ ထည့်သွင်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။