Panasonic will reportedly start mass producing next-gen Tesla batteries in 2023

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.2.2022 | Panasonic မှ Next Generation Tesla ဘက်ထရီများကို ၂၀၂၃ ခုနှစ်တွင်စတင်၍ အများအပြားထုတ်လုပ်သွားရန်ရှိနေ 

Panasonic ဟာ လက်ရှိဘက်ထရီများထက် စွမ်းအင်ပါဝင်မှု (၅) ဆ ပိုမိုမြင့်မားသော next-generation lithium-ion battery များကို Tesla အတွက် ၂၀၂၃ ခုနှစ်အစောပိုင်းမှစတင်၍ အများအပြားထုတ်လုပ်သွားရန်ရှိနေတယ်လို့ Nikkei Asia မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

အဆိုပါ ဘက်ထရီများကို အဓိကအားဖြင့် Tesla အတွက်ထုတ်လုပ်သွားမှာဖြစ်သော်လည်း Panasonic ရဲ့ executive member တစ်ဦးရဲ့ပြောကြားချက်အရ အခြားသောကုမ္ပဏီများသို့လည်း ထုတ်လုပ်တင်ပို့သွားရန်ရှိနေတယ်လို့ သိရှိရပါတယ်။ အဆိုပါဘက်ထရီအသစ်များဟာ လျှပ်စစ်ကားများရဲ့မောင်းနှင်နိုင်မည့်အကွာအဝေးကို ပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်သလို ၎င်းတို့ကိုပိုမို၍ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချ၍ရနိုင်စေမှာလည်းဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါ Next-generation battery cell များကို Tesla က စက်တင်ဘာလ ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သော high profile event တစ်ခုတွင် အသေးစိတ်ပြောကြားခဲ့ပြီး ကုမ္ပဏီရဲ့ CEO ဖြစ်သူ Elon Musk ကတော့ အဆိုပါ battery cell များဟာ (၆) ဆခန့် ပိုမိုစွမ်းအားကောင်းမွန်ပြီး cost per kWh ကို ၁၄ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။