Over 1,000 Activision Blizzard employees made a petition to remove CEO Bobby Kotick

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.11.2021 | Activision Blizzard ရဲ့ ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်မှ CEO ဖြစ်သူ Bobby Kotick အားဖယ်ရှားရန်အတွက် လက်မှတ်ထိုးဆန္ဒဖော်ထုတ်မှုတစ်ခုကို ပြုလုပ်ခဲ့ 

Activision Blizzard နှင့် လက်တွဲလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများနဲ့ contractor ပေါင်း ၁,၀၀၀ ကျော်မှ CEO ဖြစ်သူ Bobby Kotick အား ကုမ္ပဏီမှ ဖယ်ရှားပေးရန်အတွက် လက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ယခုအခါ အဆိုပါတောင်းဆိုချက်ကို လက်မှတ်ထိုးထောက်ခံသူပေါင်း ၂,၆၀၀ ကျော်ခန့်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါ လက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုတွင် - “အောက်တွင်လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့ဟာ Activision Blizzard ကို Bobby Kotick မှ CEO အနေနဲ့ ဆက်လက်ဦးဆောင်နေခြင်းအား အယုံအကြည်မရှိတော့ပါ။ ကျွန်ုပ်တို့ရဲ့ ကုမ္ပဏီကိုလည်ပတ်ရာတွင် သူ့ရဲ့ အပြုအမူများနဲ့ လုပ်ဆောင်ချက်များဟာ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်ပိုင်းတွင် လိုအပ်နေတဲ့ ယဉ်ကျေးမှုနဲ့ ရိုးသားဖြောင့်မတ်မှုတို့မရှိပဲ ကျွန်ုပ်တို့နဲ့ ပြိုင်ဘက်ကုမ္ပဏီများမှ ပြုလုပ်နေတဲ့လုပ်ဆောင်ချက်များနဲ့ ဆန့်ကျင်ဘက်လမ်းသို့ ဦးတည်နေပါတယ်။ ဒါကြောင့် Bobby Kotick အနေနဲ့ မိမိကိုယ်တိုင် Activision Blizzard ရဲ့ CEO ရာထူးမှ နှုတ်ထွက်ပေးဖို့အတွက် တောင်းဆိုလိုပြီး ရှယ်ယာရှင်များအနေနဲ့ CEO အသစ်တစ်ဦးကို Bobby ရဲ့ အကြံပြုချက်မပါပဲ ရွေးချယ်ခန့်ထားခွင့်ပြုစေလိုပါတယ်။ Bobby ဟာ ရှယ်ယာရှင်များအကြားတွင် မဲပေးဆုံးဖြတ်ခွင့် အမြောက်အများရှိထားသူတစ်ဦးဆိုတာကိုလည်း ကျွန်ုပ်တို့က သိရှိထားပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

အဆိုပါ လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုဟာ အစိုးရအာဏာပိုင်များရဲ့ အာရုံစိုက်မှုကိုရရှိခဲ့တဲ့ လုပ်ငန်းခွင်အတွင်းရှိ အလွဲသုံးစားပြုလုပ်မှုများနဲ့ အနိုင်ကျင့်မှုများကို Kotick က သိရှိပြီး ခွင့်ပြုပေးထားသည့်အပြင် ကိုယ်တိုင်ပါဝင်ပြုလုပ်ခဲ့တယ်လို့ သတင်းများထွက်လာပြီးနောက်တွင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အချို့အနည်းငယ်သော ရှယ်ယာရှင်များမှ Kotick ကို ဖယ်ရှားပေးဖို့ ထောက်ခံခဲ့သော်လည်း ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကတော့ Kotick ကို ဆက်လက်၍ ထောက်ခံသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုကို ပြန်လည်ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။