Oppo is developing its own SoC for flagship mobile phones

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.10.2021 | ၎င်းတို့ရဲ့ flagship mobile ဖုန်းများအတွက် Oppo မှ ကိုယ်ပိုင် SoC ကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိနေ

Oppo ဟာ ၎င်းတို့ရဲ့ flagship mobile phone များအတွက် ကိုယ်ပိုင် high-end chip များကို တည်ဆောက်လျှက်ရှိနေပြီဖြစ်ကြောင်း Nikkei Asia မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ Nikkei သို့ သတင်းပေးပို့ခဲ့သူ ၂ ဦးရဲ့ ပြောကြားချက်အရ Oppo မှ “speed of development အပေါ်မူတည်၍” 2023 နှင့် 2024 ခုနှစ်အတွင်း custom SoC များကို စတင်ထုတ်လုပ်သွားဖို့ရှိနေကြောင်း သိရှိရပါတယ်။

အကယ်၍ လက်တွေ့တွင် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါက Oppo ဟာ ၎င်းတို့ရဲ့ကိုယ်ပိုင် SoC design ကို ရေးဆွဲ၍ထုတ်လုပ်နိုင်စွမ်းရှိတဲ့ စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း Google ဟာ Pixel 6 နှင့် 6 Pro တို့ကို Tensor လို့အမည်ပေးထားတဲ့ ၎င်းတို့ရဲ့ကိုယ်ပိုင် custom SoCဖြင့် စတင် launch ပြုလုပ်၍ ရောင်းချခဲ့ပါသေးတယ်။

လက်ရှိတွင်တော့ Oppo ဟာ အခြားသော Huwaei နှင့် တရုတ် smartphone ထုတ်လုပ်မှုကုမ္ပဏီများနည်းတူ Qualcomm နဲ့ MediaTek တို့ထံမှ chip များကို မှာယူသုံးစွဲနေဆဲပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။