OnePlus Unintentionally Exposes Hundreds Of Customer E-Mail IDs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.8.2020 | OnePlus ဟာ ရာပေါင်းများစွာသောသုံးစွဲသူများရဲ့ E-Mail ID များကို မရည်ရွယ်ပဲပေါက်ကြားခဲ့ပါတယ်။ 

OnePlus ဟာ သူတို့ရဲ့ အလယ်အလတ်တန်းစား 5G စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus Nord ကိုစတင်ဖြန့်ချီခဲ့ ပြီးနောက် သူတို့ဟာလွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းအာရုံစိုက်မှုအများဆုံးရရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာ တော့ IANS ရဲ့သတင်းတစ်ရပ်အရ သူတို့ဟာ ရာပေါင်းများစွာသောသုံးစွဲသူများရဲ့ e-mail ID များကို mass mailing (လူအများသို့တစ်ပြိုင်နက် e-mail ပေးပို့မှု) တစ်ရပ်ပြုလုပ်ရင်းမတော်တဆပေါက်ကြားသွားခဲ့ပါတယ်။ 

အဆိုပါကုမ္ပဏီဟာ Group Study (အဖွဲ့လိုက်လေ့လာမှု) တစ်ရပ်ပြုလုပ်ရာတွင်ထိုသို့ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ ဟာ e-mail ID များကို “BCC” နေရာတွင်ထည့်ရမည့်အစား “To” နေရာတွင်မှားယွင်းစွာထည့်သွင်းမိခဲ့တာဖြစ်ပါ တယ်။ ဒါ့အတွက်ကြောင့် ပါဝင်သွားတဲ့သူများအားလုံးဟာ e-mail ID များကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ နောက် ပြီး ဒီ e-mail ကိုပို့လွှတ်လိုက်ပြီးဖြစ်နေတဲ့အတွက်လည်း ပြန်လည်ဖျက်သိမ်းဖို့မှာ မဖြစ်နိုင်တော့တဲ့အရာဖြစ်ပါ တယ်။ E-mail များဟာ လူတွေရဲ့ကိုယ်ပိုင်လိပ်စာများဖြစ်ပြီး ဖုန်းနံပါတ်များကဲ့သို့ပင်တန်ဖိုးထားရမည့်တစ်ကိုယ် ရေအချက်အလက်တစ်ခုလည်းဖြစ်ပါတယ်။ ယခုအခါတွင်တော့တစ်စုံတစ်ယောက်ဟာ ထို e-mail လိပ်စာများ ကိုအသုံးပြုပြီး အန္တရာယ်ရှိတဲ့ message များကိုပေးပို့ရန်အသုံးပြုနေနိုင်ပြီး ဒီအရာကိုတားဆီးဖို့လည်းမဖြစ်နိုင် တော့ပါဘူး။ 

OnePlus ဖုန်းအသုံးပြုနေတဲ့သူများအနေနဲ့ ယခုအခါတွင်အထူးသတိထားရမှာဖြစ်ပြီး နောက်လာမည့်ရက်များ တွင် link များကို click လုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ အချို့သော link များတွင် adware (သို့) spyware များ ပါဝင်လာနိုင်ပြီး သင့်ရဲ့ဖုန်းနှင့် ကွန်ပြူတာကို hack ခံရနိုင်ပါတယ်။ တစ်ခါတစ်ရံတွင် ဒီသို့သောအမှားများ ဟာ ရှောင်လွှဲ၍မရနိုင်သော်လည်း OnePlus ကဲ့သို့သော ကြီးမားတဲ့ကုန်အမှတ်တံဆိပ်တစ်ခုအနေနဲ့ mass mailing ပြုလုပ်သည့်အခါတွင် အထူးသတိထားသင့်ပါတယ်။ ဒီအရာက အနာဂါတ်တွင်ပိုမိုဆိုးရွားတဲ့အရာများ ဖြစ်ပေါ်မလာစေဖို့ကိုတော့ မျှော်မှန်းရပါတယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။