Nvidia is building a supercomputer for COVID-19 research

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.10.2020 | Nvidia က COVID-19 ရောဂါကာကွယ်သုတေသနပြုလုပ်ရေးအတွက် supercomputer တစ်လုံးကို တည်ဆောက်လျှက်ရှိ

Reuters သတင်းဌာနရဲ့အဆိုအရ - အမေရိကန် chip ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Nvidia က သူတို့ဟာ ဗြိတိန်ရဲ့ စွမ်းအားအကောင်းဆုံး supercomputer တစ်လုံးကို တည်ဆောက်လျှက်ရှိတယ်လို့ပြောကြားသွားခဲ့ပါတယ်။ ထိုအရာက artificial intelligence ကိုအသုံးပြုကာ သုသေသနပညာရှင်များကို COVID-19 ကိစ္စအပါအဝင် ခက်ခဲတဲ့ ဆေးပညာရပ်ဆိုင်ရာ စိန်ခေါ်မှုတွေကိုကူညီဖြေရှင်းပေးသွားနိုင်လိမ့်မယ်လို့ သိရှိရပါတယ်။ COVID-19 virus ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းလျှက်ရှိတဲ့ ဆေးကုမ္ပဏီ ၂ခုဖြစ်တဲ့ GSK နဲ့ AstraZeneca တို့ဟာတော့ အဆိုပါ supercomputer ကို ပထမဦးဆုံးအသုံးချခွင့်ရမယ့် ဆေးကုမ္ပဏီ ၂ ခုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ 

အဆိုပါ Cambridge-1 ကွန်ပြူတာကို ဒီနှစ်အကုန်ခန့်တွင် ဗြိတိန်နိုင်ငံ၊ Cambridge ပြည်နယ်တွင် စတင်၍ အသုံးပြုနိုင်တော့မှာဖြစ်ပြီး 400 petaflops AI performance ကို ပေးစွမ်းနိုင်တဲ့ NVIDIA DGX SuperPOD system အသုံးပြုထားပါတယ်ဟူ၍ Nvidia က ပြီးခဲ့တဲ့တနင်္လာနေ့က ပြောကြားသွားခဲ့ပါတယ်။ 

Nvidia ကိုတည်ထောင်သူနဲ့ CEO ဖြစ်သူ Jensen Huang က သူ့ရဲ့ GPU Technology Conference တွင် မိန့်ခွန်းအနေနဲ့ပြောကြားခဲ့ရာတွင် “ဒီ Cambridge-1 supercomputer ဟာ ဗြိတိန်နိုင်ငံရဲ့ တီထွင်ဆန်းသစ်မှု များအတွက် အချက်အခြာကျတဲ့နေရာတစ်ခုအနေနဲ့ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံအတွင်းရှိ အရေးပါတဲ့ ကျန်းမာရေးနဲ့ ဆေးဝါးရှာဖွေ သုသေသနပညာရှင်များအတွက် ပိုမို၍အလုပ်ပြီးမြောက်မှုတွေ ရှိလာစေမှာဖြစ်ပါ တယ်” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။