NVIDIA Announced Plans to Acquire DeepMap

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.6.2021 | NVIDIA မှ DeepMap အားဝယ်ယူရန်စီစဉ်လျှက်ရှိကြောင်းကြေငြာ 

သတင်းများအရ NVIDIA ဟာ DeepMap ကိုဝယ်ယူလျှက်ရှိကြောင်း ကြေငြာခဲ့ပါတယ်။ DeepMap ဟာ အလိုအလျှောက်မောင်းနှင်နိုင်သောကားများအတွက် မြင့်မားတိကျတဲ့ မြေပုံနည်းပညာကိုပြုလုပ်ပေးလျှက်ရှိနေသော ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ 

DeepMap ဟာ မြင့်မားသောတိကျမှုရှိတဲ့ မြေပုံများကို ပြုလုပ်ပေးနိုင်စွမ်းရှိနေပါတယ်။ မီတာအနည်းငယ်သာ ကွာဟချက်ရှိသည့်မြေပုံများဟာ တစ်ဆင့်ချင်းစီ လမ်းညွှန်ပြသပေးမည့် GPS လမ်းညွှန်များအတွက်တော့ အဆင်ပြေမှာဖြစ်သော်လည်း အလိုအလျှောက်မောင်းနှင်မည့်ယာဉ်များအတွက်တော့ ပိုမိုမြင့်မားစွာတိကျမှုရှိတဲ့ မြေပုံများကိုလိုအပ်မှာဖြစ်ကြောင်းကိုလည်း NVIDIA မှ ထောက်ပြခဲ့ပါတယ်။ 

“အလိုအလျှောက်မောင်းနှင့်မယ့်ကားများအတွက် စင်တီမီတာခန့်သာ ကွာဟမှုရှိသည့် တိကျမှုဖြင့် operate ပြုလုပ်နိုင်ရန်လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ AV ယာဉ်တစ်စီးဟာ အလိုအလျှောက်လမ်းကြောင်းရှာဖွေမှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။” ဟူ၍ NVIDIA မှ blogpost တစ်ခုတွင် ရေးသားခဲ့ပါတယ်။ အလားတူပဲ “မကြာခဏ update များပြုလုပ်ပေးဖို့ဟာလည်း အဓိကကျပါတယ်၊ ဒါမှသာ မြေပုံများဟာ “လက်ရှိလမ်းမပေါ်ရှိအခြေအနေများနှင့် ထပ်တူကျနေမှာဖြစ်ပြီး ဥပမာ - လမ်းပြင်ဆင်နေသည့်နေရာများ၊ လမ်းပိတ်ထားခြင်းများကို ထင်ဟပ်ပြသနိုင်မှာဖြစ်ပါတယ်။” ဟူ၍လည်း NVIDIA မှ ပြောဆိုခဲ့ပါသေးတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။