Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ပြီးခဲ့တဲ့အပတ်က Nintendo Switch ရဲ့ OLED model ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ယခုအခါတွင် အဆိုပါ OLED model အသစ်ကို အမေရိကန်နိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင်များတွင် ကြိုတင်မှာယူ၍ ရရှိနိုင်ပြီပဲဖြစ်ပါတယ်။
OLED Switch အသစ်ဟာ ဈေးနှုန်းအားဖြင့် ကန်ဒေါ်လာ ၃၅၀ ကျသင့်မှာဖြစ်ပြီး အဓိက upgrade ပြုလုပ်ပေးလိုက်တဲ့အပိုင်းကတော့ သာမာန် Switch model များတွင်ပါဝင်သော LCD screen နှင့် နှိုင်းယှဉ်လိုက်ပါက ပိုမိုကျယ်ပြန့်သော screen မျက်နှာပြင်အရွယ်အစားနှင့် OLED display ကို အစားထိုးလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒါ့အပြင် အခြားသော ပိုမိုကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်များဖြစ်တဲ့ ပိုမို၍ ထူထဲခိုင်ခံ့သော နောက်ခံ stand၊ ပိုမိုကောင်းမွန်လာတဲ့အသံစနစ်၊ Internal storage ကို 32GB မှ 64GB သို့ တိုးမြှင့်ပေးလိုက်ခြင်းတို့အပြင် TV နှင့် ချိတ်ဆက်၍ဆော့ကစားရာတွင် Internet ချိတ်ဆက်၍ အသုံးပြုနိုင်ရန်အတွက် Wired LAN port ကိုလည်း ထည့်သွင်းပေးထားကြောင်း သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။