Nintendo moves Xenoblade Chronicles 3 release date to July

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.4.2022 | Nintendo မှ Xenoblade Chronicles 3 ရဲ့ release date ကို ဂျူလိုင်လသို့ ပြောင်းရွှေ့ကြေငြာ

အခြားသော နာမည်ကြီးဂိမ်းကုမ္ပဏီများဟာ မကြာသေးမှီက အချိန်ရွှေ့ဆိုင်းမှုများကို ပြုလုပ်ခဲ့ကြရသော်လည်း Xenoblade Chronicles 3 ကတော့ ၎င်းတို့မူလကြေငြာထားတဲ့ release date ထက် ပို၍စောစွာ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ Nintendo မှ အဆိုပါ sci-fi RPG ကို ယခင်ကြေငြာထားသည့် September release date အစား ဂျူလိုင်လ ၂၉ ရက်နေ့သို့ ပြောင်းရွှေ့ကြေငြာခဲ့ပါတယ်။ ထိုသို့ပြောင်းရွှေ့ခဲ့ရခြင်းအတွက် အကြောင်းပြချက် တစ်စုံတစ်ရာကိုတော့ ပြောကြားခဲ့ခြင်းမရှိသေးပဲ အဆိုပါဂိမ်းဟာ Nintendo Switch exclusive အနေနဲ့ ထွက်ရှိလာမှာပါ။ 

Xenoblade Chronicles 3 ဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂိမ်းအပြီးတွင် အဆိုပါဂိမ်းစီးရီးအတွက် ပထမဆုံးသော အဓိကဂိမ်းတစ်ခုဖြစ်လာမှာဖြစ်ပြီး Nintendo မှ ထိုအကြောင်းကိ ယခုနှစ်အစောပိုင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့တဲ့ Nintendo Direct ပွဲတွင် ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ 

အဆိုပါဂိမ်းစီးရီးအတွင်းရှိ အခြားသောဂိမ်းများကဲ့သို့ပင် ဒီဂိမ်းအသစ်ကို ကျယ်ပြန့်တဲ့ sci-fi universe တစ်ခုအတွင်း တည်ဆောက်ထားတာဖြစ်ပြီး release date ကိုကြေငြာခဲ့ခြင်းနဲ့အတူ Nintendo မှ ဂိမ်းရဲ့နောက်ခံဇာတ်ကြောင်းနဲ့ ဂိမ်းအတွင်းရှိ ကမ္ဘာကိုပြသရန် ဇာတ်ဝင်ခန်းအချို့ကိုလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။