Nintendo got sued by a Canadian Law Firm for their Joy Cons

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.1.2021 | Nintendo ကို ကနေဒါနိုင်ငံရှိ ဥပဒေရေးရာကုမ္ပဏီတစ်ခုမှ Joy-Con ပြဿနာကြောင့် တရားစွဲဆိုမှုပြုလုပ်ခဲ့

Nintendo ဟာ စတင်တည်ထောင်တဲ့အချိန်မှစတင်၍ တီထွင်ဆန်းသစ်မှုရှိတဲ့ Gaming Console များကို ထုတ်လုပ်ခဲ့တယ်ဆိုတာကို ကျွန်ုပ်တို့အားလုံးသိရှိထားပြီးသားဖြစ်မှာပါ။ ဒီအထဲမှာမှ လက်ရှိရေပန်းအစားဆုံးကတော့ Nintendo မှ နောက်ဆုံးထုတ်လုပ်ထားတဲ့ Gaming Console တစ်ခုဖြစ်တဲ့ Nintendo Switch, Switch Lite နဲ့ ထိုအရာနဲ့ပတ်သက်တဲ့အပိုပစ္စည်းတွေပဲဖြစ်ပါတယ်။

သို့သော်လည်း Switch တွင် လအနည်းငယ်သာအသုံးပြုရသေးသော်လည်း Joy Con ခလုတ်များကပ်တတ်တဲ့ ပြဿနာရှိနေပြီး ဒီအရာကြောင့်ပဲ Nintendo ထံသို့ကွန်ပလိန်းများ၊ တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြတာလည်း မနည်းမနောရှိခဲ့ပြီးပြီပဲဖြစ်ပါတယ်။ ယခုအခါ ကနေဒါနိုင်ငံ၊ Quebec မြို့ရှိ Lambert Avocat ဟု အမည်ရတဲ့ ဒေသခံဥပဒေကုမ္ပဏီတစ်ခုမှလည်း သူတို့ထံသို့အလုပ်အပ်လာတဲ့ အမှုသည်တစ်ဦးရဲ့ကိုယ်စား 2018 ခုနှစ်ခန့်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ Joy Con ခလုတ်များကပ်တတ်တဲ့ ပြဿနာအတွက် တရားစွဲဆိုမှုတစ်ရပ်ကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

Lambert ဟာ “Quebec မြို့မှ Nintendo Switch နဲ့ Switch Lite gaming system များ၊ ဆက်စပ် Accessory များဖြစ်တဲ့ Job-Con, Nintendo Switch Pro controller များကို ဝယ်ယူသုံးစွဲခဲ့သူတိုင်းအတွက် လျော်ကြေးပေးသွားဖို့၊ အစားထိုးပစ္စည်းအလျော်ပေးဖို့” တောင်းဆိုခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။