Nintendo Confirms Plans to Open Super Nintendo World in Japan, Singapore & U.S

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.12.2020 | Nintendo မှ Super Nintendo World ကို ဂျပန်၊ စင်္ကာပူနှင့် အမေရိကန်နိုင်ငံများတွင် ဖွင့်လှစ်သွားမည့်အစီအစဉ်ကို အတည်ပြုပြောကြားခဲ့

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော livestream တစ်ခုအတွင်းတွင် Mario ကိုဖန်တီးသူ ဖခင်ကြီးဖြစ်တဲ့ Shigery Miyamoto မှ fan များကို Universal Studios Japan တွင် ဖွင့်လှစ်တော့မည့် Super Nintendo World အား ကြိုတင်၍ ပြသပေးခဲ့ပါတယ်။ အဆိုပါ Nintendo-themed Park ကို ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်သွားမှာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ Mr Miyamoto ရဲ့ ပြောကြားချက်အရ Super Nintendo World ဟာ စင်္ကာပူနဲ့ အမေရိကန်နိုင်ငံအတွင်းရှိ Universal theme park များတွင်လည်း ဖွင့်လှစ်သွားဖို့စီစဉ်နေကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

လက်ရှိအချိန်၌ ကမ္ဘာတစ်ဝှမ်းတွင် Universal Studios Theme Park စုစုပေါင်း ၄ ခုရှိထားပြီး အနောက်နိုင်ငံတွင်ရှိသော Universal Studios ၂ ခုနှင့် ဂျပန်နိုင်ငံမှလွဲလျှင် စင်္ကာပူဟာ Super Nintendo World ကို တည်ဆောက်နိုင်ခွင့်ရှိသော အာရှနိုင်ငံများအတွင်း တစ်ခုတည်းသောနေရာတစ်ခုဖြစ်လာပါတယ်။

ဧပြီလ ၂၀၁၉ ခုနှစ်ကတည်းက Resorts World Sentosa ဟာ စင်္ကာပူဒေါ်လာ ၄.၅ ဘီလျံကုန်ကျမည့် တိုးချဲ့မှုအစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပြီး Universal Studios Singapore သို့ရောက်ရှိလာမည့် attraction နေရာအသစ် ၂ ခုဖြစ်တဲ့ Super Nintendo World နဲ့ Minion Park တို့အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။