Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
မြောက်အမေရိကတိုက်ရှိ California နှင့် Toronto ပြည်နယ်များတွင်တည်ရှိသော Nintendo ရဲ့ ရုံးခန်း (၂) ခုကို ပိတ်သိမ်းတော့မည်ဟု Nintendo မှ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီကြေငြာချက်ဟာ Nintendo ရဲ့ Senior Vice President of Sales and Marketing အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ Nick Chavez ရဲ့ resign ပြုလုပ်ခြင်းနှင့်အတူ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
Nintendo ရဲ့ အတွင်းပိုင်းသတင်းများအရ ဒီရုံးခန်း (၂) ခုကို ပိတ်သိမ်းဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဟာ အဆိုပါရုံးခန်းများတွင် လုပ်ကိုင်လျှက်ရှိနေတဲ့ ဝန်ထမ်းများစွာကို စိတ်ပျက်သွားစေခဲ့ပါတယ်။ အဆိုပါ satellite office (၂) ခုဟာဆိုရင် Nintendo ရဲ့ marketing, sales နဲ့ retail relations ဌာနများရဲ့ ရုံးခန်းများဖြစ်ခဲ့တာဖြစ်ပြီး အမေရိကတိုက်ရှိ Nintendo ရုံးချုပ်ရဲ့ မီဒီယာများသို့ ပြောကြားချက်အရ အချိန်တစ်ခုအတွင်းမှာ ဝန်ထမ်းများနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို ရုံးချုပ်အတွင်းသို့ ပြောင်းရွှေ့သွားမှာ ဖြစ်တယ်လို့ သိရသော်လည်း ယခုအချိန်အထိတော့ အဆိုပါရုံးခန်းများအတွင်းအလုပ်လုပ်ကိုင်နေခဲ့တဲ့ ဝန်ထမ်းစုစုပေါင်း ၁၀၀ ကျော်ခန့်ကို အလုံးစုံဆက်လက်၍ အလုပ်ခန့်ထား/ မထား ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသေးပါဘူး။
Nintendo ဟာ ဝန်ထမ်းလျှော့ချခြင်းနဲ့ ပြန်လည်နေရာချထားခြင်းတို့ကို အမြဲလိုလိုပြုလုပ်လေ့မရှိပဲ နောက်ဆုံးအကြိမ် ဝန်ထမ်းအများအပြားကို လျှော့ချခဲ့တာကတော့ ၂၀၁၄ ခုနှစ်တွင်ဖြစ်ပြီး ဥရောပတိုက်ရှိ ဝန်ထမ်းစုစုပေါင်း ၃၀၀ ခန့်ကို လျှော့ချခဲ့ဖူးခြင်းသာ ရှိခဲ့ပါတယ်။ ဒါ့အပြင် Nintendo ရဲ့ president ဖြစ်သူ Satoru Iwata ကလည်း ဝန်ထမ်းများကိုလျှော့ချရခြင်းကို နှစ်သက်သူတစ်ဦးမဟုတ်ပဲ သူက ဒီလိုပြုလုပ်ခြင်းဟာ ဝန်ထမ်းများရဲ့ စိတ်အားတက်ကြွထက်သန်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ယုံကြည်သူတစ်ဦးပဲဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။