Nintendo announced the discontinuation of their 3DS handheld console

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.1.2021 | Nintendo မှ သူတို့ရဲ့ 3DS handheld console များကို အသစ်ထပ်မံထုတ်လုပ်ခြင်းအား ရပ်တန့်ခဲ့

Nintendo မှ သူတို့ထုတ်လုပ်ခဲ့တဲ့ လူကြိုက်များခဲ့သော device တစ်ခုဖြစ်တဲ့ “Nintendo 3DS” ကို ဆက်လက်ထုတ်လုပ်ခြင်းအား စက်အလုံးပေါင်း ၇၆ သန်းရောင်းချခဲ့ရပြီးနောက် ၁၀ နှစ်ခန့်အကြာတွင် လုံးဝရပ်ဆိုင်းတော့မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။

Nintendo 3DS ဟာဆိုရင် ယခင်ကရေပန်းစားခဲ့သော handheld device တစ်ခုဖြစ်ပြီး ထိုအရာက 3D ပုံရိပ်များကို အထူးပြုလုပ်ထားတဲ့မျက်မှန်များမပါဝင်ပဲတွေ့မြင်နိုင်တဲ့ ပထမဆုံး Handheld Gaming Device တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Nintendo ကုမ္ပဏီမှ သူတို့ဟာ First-party ဂိမ်းများကို 3DS system အတွက် ထပ်မံထုတ်လုပ်ပေးတော့မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ်က ကြေငြာမှုပြုလုပ်ပြီးနောက်မှာ လူအများစုမှ 3DS ကိုထုတ်လုပ်မှုအား ရပ်ဆိုင်းတော့မှာဖြစ်ကြောင်းခန့်မှန်းခဲ့ကြပါတယ်။ မည်သို့ပင်ဖြစ်စေ 3DS ဟာ စတင်ထုတ်လုပ်ခဲ့စဉ်က ဂိမ်းများဆော့ကစားရန်လွန်စွာကောင်းမွန်တဲ့ Handheld device တစ်ခုဖြစ်ခဲ့ပြီး များစွာသောကစားသူများဟာလည်း သူတို့ရဲ့ 3D experience ကို သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။