New version of WhatsApp will come with options to allow users to send best quality photos and videos

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.7.2021 | WhatsApp ဗားရှင်းအသစ်တွင် အသုံးပြုနေသူများအနေနဲ့ ဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များကို အရည်အသွေးလျော့သွားခြင်းမရှိပဲ ပေးပို့နိုင်တော့မည် 

နောက်ထပ်ထွက်ရှိလာတော့မည့် WhatsApp version အသစ်တွင် ပုံများနှင့် ဗီဒီယိုဖိုင်များရဲ့ ဖိုင်အရွယ်အစားကို ချုံ့ပစ်ခြင်းအား အသုံးပြုသူများအနေနဲ့ ပိုမို၍ ထိန်းချုပ်လို့ရလာနိုင်တော့မှာဖြစ်ကြောင်းကို The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ် 

WABetaInfo မှရရှိခဲ့တဲ့ အချက်အလက်များအရ လက်ရှိတွင် WhatsApp android app အတွက် အဆိုပါလုပ်ဆောင်ချက်များကို စတင်ရေးဆွဲလျှက်ရှိနေပြီဖြစ်ပြီး ဓါတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို ပေးပို့ရာတွင် Auto, Best Quality နှင့် Data Saver ဟူ၍ ရွေးချယ်စရာ ၃ မျိုး ရှိလာတော့မှာပဲဖြစ်ပါတယ်။ 

Data Saver ကို ရွေးချယ်ခဲ့ပါက အင်တာနက်မြန်နှုန်းများနှေးကွေးနေတဲ့အခါ (သို့) ဒေတာပမာဏကန့်သတ်ချက်များ ရှိနေတဲ့အခါတွင် ထိုအရာများကို စိတ်ပူနေစရာမလိုပဲ ဓါတ်ပုံများကို ဒေတာပမာဏ အနည်းဆုံးဖြင့် ပေးပို့၍ ရနိုင်မှာဖြစ်သလို Best Quality ကို ရွေးချယ်ထားခဲ့ပါက အလိုအလျှောက် ဖိုင်အရွယ်အစားချုံ့ပေးခြင်းကို ရှောင်ရှား၍ တတ်နိုင်သမျှ အကောင်းဆုံးအရည်အသွေးရှိတဲ့ ဓါတ်ပုံများနဲ့ ဗီဒီယိုဖိုင်များကို ပေးပို့၍ ရနိုင်တော့မှာဖြစ်တယ်လို့ WhatsApp မှ ကြေငြာထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။