New restrictions on Google Photos? Amazon Photos is here.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.1.2021 | Google Photos ရဲ့ ကန့်သတ်ချက်အသစ်များကြောင့် စိတ်ညစ်နေပါသလား? Amazon Photos ရှိပါသေးတယ်။

Ars မှ တင်ဆက်ပေးခဲ့တဲ့သတင်းများအရ နိုဝင်ဘာလ ၂၀၂၀ ခုနှစ်တွင် Google ဟာ Gmail အကောင့်ရှိသူတိုင်း နှစ်အတန်ကြာအသုံးပြုနိုင်ခဲ့တဲ့ High-resolution photo များကို အခမဲ့သိမ်းဆည်းနိုင်တဲ့ လုပ်ဆောင်ချက်ကို ဖျက်သိမ်းလိုက်ပြီပဲဖြစ်ပါတယ်။ Google Photos အပေါ်ချမှတ်ခဲ့တဲ့ ဒီကန့်သတ်ချက်အသစ်များကြောင့်လည်း လူသိနည်းတဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Amazon Photos ဟာ Google ရဲ့ premium service များကို ဝယ်ယူမှုမပြုလိုတဲ့သူများရဲ့ အာရုံစိုက်ခံရသော App တစ်ခုဖြစ်လာခဲ့ပါတယ်။

Amazon Photos ဆိုတာကတော့ Amazon အကောင့်ပိုင်ဆိုင်သူတိုင်း အခမဲ့အသုံးပြုနိုင်မယ့် software တစ်ခုဖြစ်ပေမယ့် Amazon Prime Membership မရှိရင်တော့ သင်ဟာ 5GB storage ကိုသာ အခမဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။ Amazon Prime Member ဝင်ထားပြီးသူတစ်ဦးဖြစ်ရင်တော့ သင်ဟာ အကန့်အသတ်မဲ့ Original Resolution အတိုင်း ဓါတ်ပုံများကိုသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း Video များကိုသိမ်းဆည်းဖို့အတွက်ကတော့ 5GB သာ ရရှိမှာဖြစ်ပါတယ်။

Amazon Photos ဟာ စီးပွားရေးလုပ်ရန်မဟုတ်ပဲ မိမိတို့တစ်ကိုယ်ရည်အတွက်အသုံးပြုရန်သာ ဖြစ်ပါတယ်။ သင့်အနေနဲ့ဓါတ်ပုံများကိုရိုက်ကူးပြီးနောက် သင့်ရဲ့သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ အပြန်အလှန်မျှဝေပေးနိုင်သော်လည်း သင့်အနေနဲ့ ဓါတ်ပုံပညာရပ်ဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်မယ်ဆိုရင်တော့ သူတို့ရဲ့စည်းမျဉ်းများကိုချိုးဖောက်ရာရောက်ပြီး အရေးယူမှုများရှိလာနိုင်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။