Netflix will automatically cancel unused subscriptions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.6.2020 | Netflix ဟာ အသုံးမပြုထားတဲ့ စာရင်းပေးသွင်းမှု (subscription) များကို အလိုအလျှောက်ပယ် ဖျက်သွားမှာဖြစ်ပါတယ်။

Netflix ဟာ အရင်ကစာရင်းပေးသွင်းထားတဲ့သူများနဲ့ ဝန်ဆောင်မှုကိုအသုံးမပြုသော်လည်း အမြဲတမ်းငွေပေးချေလျက်ရှိတဲ့သူများကိုသာ ထားရှိသွားဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ 

Netflix ဟာ စတင်၍ register ပြုလုပ်သည့်အချိန်မှစ၍ တစ်နှစ်တိတိ အသုံးပြုခြင်းမရှိတဲ့ subscription များကို အလိုအလျောက်ပယ်ဖျက်သွားမှာဖြစ်ပါတယ်။ ယခင်က စာရင်းပေးသွင်း မှုပြုလုပ်ထားတဲ့အကောင့်များကိုတော့ နောက်ဆုံးစစ်ဆေးခဲ့တဲ့အချိန်မှ (၂) နှစ်အတွင်း အလိုအလျောက်ပယ်ဖျက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ထိုအရာများကို အသိပေးမှုများပြုလုပ်ပြီး မှသာ ပယ်ဖျက်သွားမှာဖြစ်ပါတယ်။ အရင်ဆုံး ထိုအချက်တွေနဲ့ကိုက်ညီသူတွေကို email မှတစ်ဆင့် အသိပေးစာများပေးပို့သွားမှာဖြစ်ပြီး Netflix App တွင်လည်း notification နဲ့ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူများဟာ ထိုအရာများအပေါ် တုန့်ပြန်မှုမပြုလုပ်ခဲ့ပါက သူ့ရဲ့အကောင့်ဟာ အလိုအလျှောက်ပယ်ဖျက်ခံရမှာပဲဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူဖက်မှ စိတ်ပြောင်းခဲ့ပါက ပယ်ဖျက်မှုပြုလုပ်ပြီး ၁၀လအတွင်း ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပြီး ၁၀လထက် ကျော်ခဲ့လျှင်တော့ အဆိုပါအကောင့်ကို အပြီးအပိုင် ပယ်ဖျက်လိုက်မှာပဲဖြစ်ပါတယ်။ Netflix ရဲ့အဆိုအရ အဆိုပါအကောင့်များဟာ ၁၈၂.၉ ဘီလျံကျော်ရှိသော အသုံးပြုသူများရဲ့ ၁% နှုန်းအောက်သာရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာလအတွင်း ဒီကိန်းဏ္ဏန်းများဟာ စာရင်း ပေးသွင်းသူအသစ် ၁၅.၈ မီလီယံခန့် တိုးတက်ခဲ့ပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။