Netflix make another round of job cuts due to slowing growth and increased competition

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.7.2022 | ပိုမိုမြင့်မားလာတဲ့ ပြိုင်ဆိုင်မှုများနဲ့ နှေးကွေးလာတဲ့ တိုးတက်မှုများကြောင့် Netflix မှ ထပ်မံ၍ ဝန်ထမ်းလျှော့ချမှုများပြုလုပ်ခဲ့ရ 

Netflix ဟာ မေလတွင် ဝန်ထမ်း ၁၅၀ လျှော့ချခဲ့ရပြီးနောက် ယခုအခါ ၎င်းတို့ workforce ရဲ့ 4% ခန့်ဖြစ်တဲ့ အလုပ်နေရာပေါင်း ၃၀၀ ကျော်ခန့်ကို အမေရိကရှိ ရုံးခန်းအများစုတွင် ထပ်မံလျှော့ချမှုပြုလုပ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ 

၎င်းတို့ဟာ company growth ကို မြှင့်တင်နိုင်ရန် ကြော်ငြာများထည့်သွင်းထားတဲ့ Ad-supported ဝန်ဆောင်မှုကို စတင်ထုတ်လွှင့်ပေးဖို့ စီစဉ်လျှက်ရှိနေပြီး password များမျှဝေသုံးစွဲခြင်းကို ကာကွယ်တားဆီးဖို့အတွက်လည်း လုပ်ဆောင်လျှက်ရှိနေပါတယ်။ 

“ကျွန်ုပ်တို့ ဒီလုပ်ငန်းတွင် များစွာသောရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်၍ ပြုလုပ်လာရတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ ကုန်ကျစားရိတ်ဟာ ပိုမိုနှေးကွေးလာတဲ့ အမြတ်ငွေတိုးတက်မှုနှုန်းနဲ့ လျော်ညီမှုရှိစေရန်အတွက် ဒီလိုချိန်ညှိမှု၊ ပြောင်းလဲမှုတွေကို ပြုလုပ်ပေးဖို့ လိုအပ်လာခဲ့ပါတယ်” ဟူ၍ Netflix က ပြောကြားခဲ့သလို “အခြားသောနယ်ပယ်များအတွက် ဝန်ထမ်းခေါ်ယူဌားရမ်းမှုများကိုလည်း ဆက်လက်၍ ပြုလုပ်သွားမှာဖြစ်ကြောင်း ထပ်မံပြောကြားသွားခဲ့ပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။