Netflix is planning to launch their own game studio

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.10.2022 | Netflix မှ ၎င်းတို့ရဲ့ကိုယ်ပိုင် Game studio တစ်ခုကို စတင်တည်ထောင်ရန် စီစဉ်လျှက်ရှိနေ 

Netflix ဟာ ၎င်းတို့ရဲ့ gaming industry အတွင်းသို့ ဝင်ရောက်ဖို့ခြေလှမ်းများကို ပိုမို၍ အရှိန်မြှင့်တင်လျှက်ရှိနေပြီး ယခုအခါ ကိုယ်ပိုင် Gaming studio တစ်ခုကို Finland နိုင်ငံ၊ Helsinki မြို့တွင် စတင်တည်ဆောက်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

၎င်း Gaming studio ကို ယခင်က Zygna နှင့် EA တို့တွင်တာဝန်ထမ်းဆောင်ခဲ့သော Executive တစ်ဦးဖြစ်တဲ့ Marko Lastikka မှ ဦးဆောင်ကြီးကြပ်သွားမှာဖြစ်တယ်လို့ သိရှိရပြီး Lastikka ဟာ gaming industry အတွင်း နာမည်ကျော်ကြားသူတစ်ဦးဖြစ်ကာ Zygna studio ရဲ့ co-founder တစ်ဦးဖြစ်သလို Zygna ရဲ့ FarmVille3 ကို ဦးဆောင်ကွပ်ကဲခဲ့သူလည်းဖြစ်ပါတယ်။

Netflix ရဲ့ Game Studio များအတွက် VP ဖြစ်သူ Amir Rahimi က "၎င်းတို့အနေနဲ့ ကမ္ဘာ့အဆင့်မှီ game studio တစ်ခုကို တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း" blog post တစ်ခုပေါ်မှတဆင့် ကြေငြာချက်ပြုလုပ်ခဲ့ပြီး "ဒီ game studio ဟာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပြီး လူကြိုက်များစေမယ့် original game မျိုးစုံကို ကြော်ငြာများ၊ in-app purchases များ မပါဝင်ပဲ အသုံးပြုသူများထံသို့ ဆောင်ကြဉ်းပေးသွားမှာဖြစ်တယ်လို့လဲ ပြောကြားခဲ့ပါသေးတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။