Netflix is opening an online shop for items from its popular shows and movies

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.6.2021 | ရေပန်းစားလျှက်ရှိနေသည့် TV show များနှင့် ရုပ်ရှင်များကို အခြေခံထားသည့် ပစ္စည်းများအားဝယ်ယူနိုင်မည့် Online Shop တစ်ခုအား Netflix မှ ဖွင့်လှစ်

Netflix ဟာ သူတို့ရဲ့ လူကြိုက်များ ရေပန်းစားလျှက်ရှိနေသော TV show များနှင့် ရုပ်ရှင်များအပေါ် အခြေခံထားသည့် အရုပ်များ၊ ဂိမ်းများနှင့် အဝတ်အစားများကို လက်လီရောင်းချပေးမည့် Online Shop တစ်ခုကို ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 

စတင်ဖွင့်လှစ်ခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ Netflix ဟာ anime များအပေါ် အခြေခံထားသည့် ထုတ်ကုန်များကို စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်းကိုလည်း ဇွန်လ ၁၀ရက်နေ့၊ ၂၀၂၁ (ကြာသပတေးနေ့) တွင် ပြောကြားခဲ့သလို အခြားသော အစီအစဉ်များမှ ထုတ်ကုန်များကိုလည်း ထုတ်လုပ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

Netflix အဖို့ ထိုသို့ ကုန်ပစ္စည်းများကိုထုတ်လုပ်ဖို့အတွက် ချဲ့ထွင်လာခြင်းဟာ  အကျိုးအကြောင်းဆီလျော်တဲ့ လုပ်ငန်းလုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ အခြားသော ရုပ်ရှင်စတူဒီယိုများဟာလည်း လူကြိုက်များတဲ့ ဇာတ်ကောင်များနှင့် TV show များ အခြေခံထားတဲ့ အရုပ်များ၊ collectible များနှင့် အခြားသောထုတ်ကုန်များမှ ဒေါ်လာဘီလျံနှင့်ချီသောဝင်ငွေကို ရယူနိုင်လျှက်ရှိနေကြပါတယ်။ Disney ဟာဆိုရင် သူတို့ရဲ့“Star Wars” ရုပ်ရှင်နှင့် TV Show များအပေါ်အခြေခံထားတဲ့ ထုတ်ကုန်များတစ်ခုတည်းနှင့်တောင်မှ ဒေါ်လာ ၁၀ ဘီလျံထက်မနည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ 

Netflix ရဲ့ ပထမဆုံးထုတ်လုပ်မှုတွင် anime စီးရီးများဖြစ်ကြတဲ့ “Yasuke” နှင့် “Eden” တို့အပေါ် အခြေခံထားသည့် အဝတ်အစားများ၊ action figure များနှင့်အတူ TV show တစ်ခုဖြစ်တဲ့ “Lupin” ကို အခြေခံထားသည့် အဝတ်အစားများနှင့် အလှဆင်ပစ္စည်းများကိုလည်း ထုတ်လုပ်သွားဖို့ စီစဉ်နေပြီး အဆိုပါဆိုင်ကိုတော့ အမေရိကတွင် ပထမဦးဆုံးဖွင့်လှစ်ပြီးနောက်တွင်မှ အခြားသောနိုင်ငံများသို့ ဖြန့်ကျက်သွားမှာဖြစ်ကြောင်း Netflix မှ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။