Netflix is Launching 2 Stranger Things Games to Play as Trial for Subscribers in Poland

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.9.2021 | Trial အနေနဲ့ Poland နိုင်ငံရှိ Subscribe ပြုလုပ်ထားသူများ ဆော့ကစားနိုင်ရန်အတွက် Stranger Things ဂိမ်း ၂ ခုကို Netflix မှ ထုတ်လွှင့်ပေးလျှက်ရှိ 

Netflix ဟာ gaming လောကအတွင်းသို့ဝင်ရောက်နိုင်ရန် နောက်တစ်ဆင့်အနေနဲ့ Poland နိုင်ငံရှိ subscribe ပြုလုပ်ထားသူများကို သူတို့ရဲ့ Android ဖုန်းများပေါ်တွင် ဆော့ကစားနိုင်ရန်အတွက် Stranger Things Game ၂ ခုကို ထုတ်လွှင့်ပေးခဲ့ကြောင်း ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

“ယနေ့မှစ၍ Poland နိုင်ငံရှိ subscribe ပြုလုပ်ထားတဲ့ member များအနေနဲ့ subscription ပြုလုပ်ခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ Stranger Things 1984 နှင့် Stranger Things 3 တို့ကို Android ပေါ်တွင် စမ်းသပ်ဆော့ကစား၍ရနိုင်ပြီဖြစ်ပါတယ်” ဟူ၍ Netflix မှ ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် “ယခုအချိန်ဟာ အစောပိုင်းစမ်းသပ်ဆဲကာလသာရှိသေးပြီး ကျွန်ုပ်တို့အနေနဲ့ လာမည့်လများအတွင်း ကျွန်ုပ်တို့ရဲ့ ကြော်ငြာများ၊ ဂိမ်းအတွင်းတွင် ထပ်မံဝယ်ယူရမှုများမရှိတဲ့ အကောင်းဆုံး gaming experience ကို အသုံးပြုသူများထံသို့ ဆောင်ကြဉ်းပေးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလျှက်ရှိနေပါတယ်” ဟူ၍လည်း ထိုသူမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဆော့ကစား၍ရရှိနိုင်မယ့် game များကို သင့် Netflix app ရဲ့ home feed တွင် တွေ့မြင်လာရမှာဖြစ်ပြီး Game Icon ကို tap ပြုလုပ်လိုက်ပါက ၎င်း game ရဲ့ အကြောင်း ဖတ်ရှုကြည့်နိုင်မှာဖြစ်ပြီး Download ပြုလုပ်လိုက်ပါက Google Play မှတဆင့် Dowload ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Netflix ပေါ်တွင် ရရှိနိုင်မည့် Game များကို အသုံးပြုသူကိုယ်တိုင် Google Play ပေါ်တွင် သွားရောက်ရှာဖွေ၍လည်း ရနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။