Netflix is Airing “DOTA: Dragon Blood” Animated Film Series

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.5.2021 | DOTA: Dragon Blood Anime ရုပ်ရှင်စီးရီးအား Netflix မှ ထုတ်လွှင့်လျှက်ရှိ

Valve ရဲ့ နာမည်အကျော်ကြားဆုံး Free-to-Play MOBA ဂိမ်းတစ်ခုဖြစ်သော DOTA 2 အား အခြေခံ၍ ဇာတ်အိမ်တည်ဆောက်ထားတဲ့ DOTA: Dragon Blood Anime ရုပ်ရှင်စီးရီးအား မတ်လ ၂၅ ရက်နေ့က စတင်၍ Netflix တွင် ထွက်ရှိလာခဲ့ပါတယ်။

ယခုအခါ အဆိုပါ အပိုင်း (၈) ပိုင်းပါဝင်တဲ့ Season 1 ပြီးဆုံးသွားပြီဖြစ်ကာ နောက်ထပ် Season 2 ကို ထပ်မံထုတ်လွှင့်သွားဖို့ရှိနေကြောင်း Valve မှ Twitter ပေါ်တွင် အတည်ပြုပေးလိုက်ပြီပဲဖြစ်ပါတယ်။ ထုတ်လွှင့်မည့် ရက်အတိအကျကိုတော့ Valve မှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

အဆိုပါ DOTA: Dragon Blood Anime စီးရီးအား The Legend of Korra, Netflix ရဲ့ Voltron: Legendary Defender နဲ့ မကြာသေးမှီက ကြေငြာသွားခဲ့တဲ့ The Witcher: Nightmare of the Wolf ရုပ်ရှင်စီးရီးများကို ဖန်တီးလျှက်ရှိတဲ့ တောင်ကိုရီးယား Animation Studio တစ်ခုဖြစ်တဲ့ MIR မှ ဖန်တီးရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ DOTA: Dragon Blood စီးရီးဟာ DOTA 2 ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Davion “The Dragon Knight” ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Animation စီးရီးတစ်ခုပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။