Netflix is acquiring the animation studio behind The Lego Movie

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.8.2022 | Netflix မှ Lego ရုပ်ရှင်များကို ထုတ်လုပ်ပေးသော animation studio တစ်ခုကို ဝယ်ယူရန် ဆောင်ရွက်လျှက်ရှိ

Netflix ဟာ Happy Feet နှင့် The Lego Movie တို့ဖြင့် နာမည်ရလာသော Animal Logic လို့အမည်ရတဲ့ animation studio တစ်ခုကို ဝယ်ယူရန်စီစဉ်လျှက်ရှိနေကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က ၎င်းတို့ရဲ့ ၂၀၂၂ ခုနှစ် ဒုတိယ (၃) လပတ် ဝင်ငွေစာရင်းရှင်းတမ်းထုတ်ပြန်မှုနှင့်အတူ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

"ကျွန်ုပ်တို့ရဲ့ animation ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ဆောင်ချက်များကို ပိုမိုတိုးမြှင့်ပေးနိုင်ပြီး ကမ္ဘာ့အဆင့်မှီ animation studio တစ်ခုတည်ဆောက်ရန်အတွက် ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ကို အထောက်အကူဖြစ်စေနိုင်မယ့် Sydney နှင့် Vancouver မြို့များတွင် အခြေစိုက်ထားတဲ့ အလွန်တော်တဲ့ လူ ၈၀၀ ခန့်ပါဝင်သော နာမည်ကြီး animation studio – Animal Logic ကို ဝယ်ယူသွားတော့မှာဖြစ်ကြောင်း ကြေငြာချက်ပြုလုပ်လိုပါတယ်" ဟူ၍ Netflix က ၎င်းတို့ရဲ့ ၂၀၂၂ ခုနှစ် ဒုတိယ (၃) လပတ် ဝင်ငွေစာရင်းရှင်းတမ်းထုတ်ပြန်မှုနှင့်အတူ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါကုမ္ပဏီ (၂) ခုဟာ ၂၀၂၃ ခုနှစ်တွင် ထွက်ရှိရန်လျာထားသော The Magician's Elephant ဇာတ်ကားနှင့် Ron Howard ရဲ့ ပထမဆုံး animated film ဖြစ်တဲ့ - The Shrinking of Treehorn တို့တွင်လည်း အကျိုးတူ ပူးပေါင်းမှုများကို ပြုလုပ်လျှက်ရှိနေပြီးဖြစ်ကာ အဆိုပါဝယ်ယူမှုကို ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် ခန့်မှန်းထားကြောင်း အဆိုပါကြေငြာချက်အရ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။