Netflix has started to increase the transmission speed again in Europe

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.5.2020 | Netflix ဟာ ဥရောပနိုင်ငံများတွင် ဒေတာပို့လွှတ်မှုမြန်နှုန်းကို တစ်ဖန်ပြန်လည်မြှင့်တင်ခဲ့ပါတယ်။

အင်တာနက်လိုင်းများကြပ်တည်းမှုကိုဖြေလျှော့နိုင်ရန် ဗီဒိုယိုများကို အွန်လိုင်းပေါ်မှကြည့်ရှုခြင်း (streaming) အတွက် အရည်အသွေးများကို လျှော့ချမည်ဟု Netflix မှ မတ်လအတွင်းက ကြေငြာခဲ့ပါတယ်။ ယခုအခါတွင်မူ တဖြည်းဖြည်း မူလ resolution သို့ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ 

မတ်လအတွင်းက Netflix ဟာ ဥရောပနိုင်ငံများအဖွဲ့ (European Union) ရဲ့တောင်းဆိုမှုကို ကြားနာခဲ့ပြီးနောက် HD ဗီဒီယိုများကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့်ကာလအတွင်း လူများဟာ Netflix ကိုပိုမိုကြည့်ရှုလာကြသည့်အတွက် Netfix မှပို့လွှတ်ခဲ့သော ဒေတာပမာဏဟာ သိသိသာသာကို မြင့်တက်သွားခဲ့ပါတယ်။ ၎င်းဟာ EMEA region အတွင်း Youtube, http နှင့် BitTorrent တို့ပြီးလျှင် စတုတ္ထအကြီးဆုံး အင်တာနက်မှတစ်ဆင့် ရုပ်ရှင်ထုတ်လုပ်သူကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ယခင်နှစ်မှ အင်တာနက်ဒေတာပေးပို့မှုပမာဏရှယ်ယာ ၆.၀၉% မှ ၇.၆၉% သို့ရောက်ရှိခဲ့ပါတယ်။ နှစ်လအပြီး တွင်မူ ထိုအခြေအနေမှ ၎င်း platform ရဲ့ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် resolution အပြည့်သို့ ပြန်လည်ပြောင်းလဲလိုက်ပါတယ်။ သို့သော်လည်း HD အရည်အသွေးကို တော့ မည်သည့်နေရာတွင်မှ ရရှိနိုင်ဦးမည်မဟုတ်ပါ။ Netflix ဟာ ဈေးကွက်အခြေအနေအရ တန်ပြန်တုန့်ပြန်မှုများပြုလုပ်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ဆောင်ချက်များ ကို စတင်ပြုလုပ်လျက်ရှိတဲ့နိုင်ငံများတွင်သာ အဆိုပါကန့်သတ်ချက်များကို ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။ 

 

(Unicode)



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။