Netflix declare more than $1.3 billion in UK revenue

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.12.2020 | UK တွင် အမြတ်ငွေပေါင်း ၁.၃ ဘီလျံရရှိခဲ့သည်ဟု Netflix မှ ကြေငြာခဲ့ 

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် Netflix မှ UK တွင် အမြတ်ငွေခွန် ပေးဆောင်ရာ၌ အမြတ်ငွေပေါင်း ၁.၃ ဘီလျံကို ကြေငြာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒီအရာက အခြားသော နည်းပညာကုမ္ပဏီများဖြစ်ကြတဲ့ Amazon ကဲ့သို့သော ကုမ္ပဏီများရဲ့ အခွန်ပေးဆောင်မှုနှုန်းထားများအပေါ်လည်း ဖိအားတစ်ရပ်ကို ဖြစ်စေခဲ့ပါတယ်။ 

“Netflix ဟာ UK နဲ့ အခြားသော အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ပိုမို၍ကြီးထွားတိုးတက်မှုများရှိလာသည်နှင့်အမျှ ဒီအရာနဲ့ကိုက်ညီမှုရှိတဲ့ corporate structure ရှိနေဖို့ကိုလည်း လိုလားပါတယ်။ ဒီအတွက် နောက်နှစ်မှစတင်၍ UK မှ ရရှိခဲ့သော အမြတ်ငွေများကို UK တွင် အခွန်ပေးဆောင်သွားမှာဖြစ်ပြီး Corporate income tax ကို ရရှိလာတဲ့အမြတ်ငွေများအလျှောက် ပေးဆောင်သွားမှာဖြစ်ပါတယ်” ဟူ၍ ကုမ္ပဏီရဲ့ကိုယ်စားလှယ်တစ်ဦးမှ The Guardian သတင်းဌာနသို့ ပြောကြားသွားခဲ့ပါတယ်။ 

Variety မှဆောင်းပါးတစ်ပုဒ်အရ Netflix ဟာ UK တွင် ရိုက်ကူးနေသော ဇာတ်ကားများဖြစ်သည့် “The Crown” နဲ့ “The Witcher” ကဲ့သို့သော ဇာတ်ကားများအတွက် အသုံးစရိတ်ကိုမြှင့်တင်သွားဖို့ ရှိနေပြီး UK တွင် အခြေခံထားသော production များအတွက် အသုံးစရိတ်ကို ၁ ဘီလျံအထိ တိုးမြှင့်ပေးသွားဖို့ရှိပြီး ရိုက်ကူးရေးများကို ၂ ဆခန့် တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိနေကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။