Netflix buys off exclusive rights to stream Sony’s upcoming movies

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.4.2021 | Netflix မှ Sony ရဲ့ အနာဂါတ်တွင်ထွက်ရှိမည့်ရုပ်ရှင်များအားလုံးကို တစ်ဦးတည်းမူပိုင် Streaming ထုတ်လွှင့်ပိုင်ခွင့်အားဝယ်ယူခဲ့ 

Netflix ဟာ ၂၀၂၂ ခုနှစ်မှစတင်၍ Sony ရဲ့ လာမည့် Spider-Man franchise အပါအဝင် ထွက်ရှိမည့်ရုပ်ရှင်များအားလုံးကို တစ်ဦးတည်မူပိုင် Streaming ထုတ်လွှင့်ပိုင်ခွင့်အားဝယ်ယူခဲ့ကြောင်း The Hollywood Reporter မှ သတင်းများအရ သိရှိခဲ့ရပါတယ်။ 

နှစ်ဖက်ကုမ္ပဏီများမှ ထုတ်ပြန်ကြေငြာခဲ့တဲ့အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှစတင်၍ Sony မှ ထွက်ရှိလာမည့် ရုပ်ရှင်ပိုင်းဆိုင်ရာထုတ်ကုန်များအတွက် တစ်ဦးတည်း Streaming ပြုလုပ်ပြသပိုင်ခွင့် အကြီးစားမူပိုင်ခွင့်ကို Netflix မှ ရယူနိုင်ခဲ့တာဖြစ်ပြီး အဆိုပါမူပိုင်ခွင့်အတွက် Netflix မှ Sony သို့ အမေရိကန်ဒေါ်လာ ၁ ဘီလျံပေးဆောင်ခဲ့ရကြောင်းကိုလည်း ဖော်ပြထားခဲ့ပါတယ်။

အဆိုပါသဘောတူညီချက်ကြောင့် Sony မှ ထွက်ရှိလာမည့် ရုပ်ရှင်အသစ်များအားလုံးကို Netflix မှသာ တဆင့်ပြန်လည်ကြည့်ရှု၍ရတော့မှာဖြစ်ပြီး အဆိုပါသဘောတူညီချက်တွင် ထွက်ရှိလာတော့မည့် Morbius နှင့် Uncharted တို့အပါအဝင် Spider-Man: Into the Spider Verse နဲ့ Venom and Spider-Man ကဲ့သို့သော Franchise များကိုလည်း ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။