NetEase postponed its share sales in Hong Kong for their music streaming business

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.8.2021 | သူတို့ရဲ့ တေးသီချင်း streaming ဝန်ဆောင်မှုလုပ်ငန်းအတွက် Hong Kong တွင် ရှယ်ယာများရောင်းချမည့် အစီအစဉ်ကို NetEase မှ အချိန်ရွှေ့ဆိုင်းခဲ့ 

တရုတ်နိုင်ငံ အခြေစိုက် Gaming ကုမ္ပဏီကြီးတစ်ခုဖြစ်သော NetEase ရဲ့ Cloud Village Inc., ဟုအမည်ရသော တေးသီချင်း streaming ဝန်ဆောင်မှုလုပ်ငန်းဟာ ကန်ဒေါ်လာ ၁ ဘီလျံခန့်ရရှိနိုင်မယ်ဟုခန့်မှန်းထားသော သူတို့ရဲ့ ဟောင်ကောင်မြို့အတွင်း Public သို့ ရှယ်ယာများရောင်းချမည့်အစီအစဉ်ကို launch လုပ်ဖို့ အချိန်ရွှေ့ဆိုင်းခဲ့ကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Cloud Village ဟာ သူတို့ရဲ့အဆိုပါရောင်းချမှုအတွက် ဝယ်လိုအားကို ပြီးခဲ့တဲ့အပတ်က စစ်တမ်းကောက်ယူခဲ့ပြီး ယခုအခါမှာတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများထံမှ ဝယ်ယူမှုအမှာစာများကို လက်ခံမှုမပြုသေးပဲ ပိုမိုကောင်းမွန်တဲ့ဈေးကွက်အခြေအနေသို့ရောက်ရှိရန်အတွက် စောင့်ဆိုင်းလိုစိတ်ရှိနေကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုခဲ့ပါတယ်။ 

ခန့်မှန်းခြေအရ ကန်ဒေါ်လာ ၁ ဘီလျံခန့်ရရှိနိုင်မယ့် Cloud Village ရဲ့ Public သို့ ရှယ်ယာများရောင်းချမှုအစီအစဉ်ဟာ နည်းပညာကုမ္ပဏီတစ်ခုအနေနဲ့ ဟောင်ကောင်မြို့အတွင်းတွင် ယခုနှစ်အတွင်း အကြီးဆုံးရှယ်ယာရောင်းချမှုတစ်ခုဖြစ်လာနိုင်ခြေရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။