Motorola’s new budget phone namely Moto G Pure will be coming out soon

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.10.2021 | Motorola ရဲ့ ဘက်ဂျက်ဖုန်းအသစ်ဖြစ်တဲ့ Moto G Pure မကြာမှီထွက်ရှိလာတော့မည် 

Motorola ကတော့ Moto G lineup အတွက် နောက်ထပ် budget-friendly ဖြစ်တဲ့ Moto G Pure လို့အမည်ပေးထားတဲ့ device တစ်ခုကို ထပ်မံ၍ထုပ်လုပ်တော့မှာဖြစ်ပါတယ်။ ၎င်းဖုန်းတွင် MediaTek Helio G25 octa-core processor ကိုအသုံးပြုထားပြီး သတင်းများအရ ကန်ဒေါ်လာ ၁၆၀ တည်းနဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

G Pure တွင် 3GB RAM, 32GB storage space (microSD ဖြင့် 512 GB အထိတိုးမြှင့်နိုင်) တို့ပါဝင်လာမှာဖြစ်ပြီး 6.5 inch IPS TFT LCD screen မှာတော့ 720p resolution ဖြင့်ထွက်ရှိလာမှာဖြစ်ကာ ဘက်ထရီပိုင်းအရမှာတော့ 4000mAh battery ကိုအသုံးပြုထားပြီး USB Type-C အားသွင်းပေါက်မှ fast charging စနစ်ကိုအထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ handset ဟာ ရေစိုဒဏ်ကိုလည်း အထိုက်အသင့်ခံနိုင်ဦးမှာဖြစ်ပြီး IP52 rating ရှိတဲ့အတွက် ရေမှောက်ကျခြင်း၊ ရေစင်ခြင်းနှင့် မိုးအနည်းငယ်ရွာသွန်းတဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်သလို fingerprint နဲ့ face unlock sensor များနဲ့အတူ 3.5mm headphone jack လည်းပါဝင်လာမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

အနောက်ဖက် camera တွင် 13MP နှင့် 2MP depth sensor နှင့် LED flash တို့ပါဝင်မှာဖြစ်ပြီး အရှေ့ဖက် camera ကတော့ 5MP ပါဝင်မှာဖြစ်ပါတယ်။ Motorola ရဲ့ ပြောကြားချက်အရ Full HD video များကို 30 fps ဖြင့် ရှေ့ဖက်နှင့် ကျောဖက် ကင်မရာ ၂ ခုစလုံးတွင်အသုံးပြု၍ရနိုင်မှာဖြစ်ပါတယ်။ NFC နှင့် 5G ကိုတော့ support ပေးထားခြင်းမရှိပဲ Mortorola ရဲ့အတည်ပြုချက်အရ Android 11 OS ကို အသုံးပြုသွားမှာဖြစ်ကြောင်းနှင့် ကြိုတင်မှာယူမှုများကိုတော့ ယခုလအောက်တိုဘာလ ၁၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားတော့မှာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။