“Mobile Suit Gundam: Hathaway” is coming soon to Netflix

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.6.2021 | “Mobile Suit Gundam: Hathaway” မကြာမှီတွင် Netflix သို့ရောက်ရှိလာတော့မည်

Netflix ဟာ Gundam ရဲ့ ရှည်လျားသောဂျပန် anime mecha franchise များထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ Mobile Suit Gundam: Hathaway အား မူပိုင်ထုတ်လွှင့်ပိုင်ခွင့်ကို ရရှိလိုက်ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်တွင်တော့ Netflix ပေါ်တွင် ယခင်ကထွက်ရှိခဲ့တဲ့ Gundam စီးရီးများဖြစ်တဲ့ Mobile Suit Gundam UC နှင့် Mobile Suit Gundam: Iron-Blooded Orphans ဇာတ်လမ်းတွဲများကို ကြည့်ရှု၍ရနေပြီပဲဖြစ်ပါတယ်။ 

Mobile Suit Gundam ဟာ ဂျပန်နိုင်ငံမှ ထွက်ရှိသမျှ anime ဇာတ်လမ်းတွဲများအနက် hot အဖြစ်ဆုံး franchise တစ်ခုဖြစ်ပြီး ပေါက်ရောက်မှုအရှိဆုံး brand များတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Manga, Anime, ရုပ်ရှင်, Video ဂိမ်းများနှင့် အရုပ်များပါမကျန် Mobile Suit Gundam ဟာ ထုတ်ကုန်များကို ဆယ်စုနှစ်တစ်ခုကြာသည်အထိ ရောင်းအားပိုမိုကောင်းမွန်စေနိုင်ခဲ့ပါတယ်။ ဒီအတွက် Netflix မှ အဆိုပါ franchise ရဲ့ နောက်ဆုံးရုပ်ရှင်အား ထုတ်လွှင့်ပိုင်ခွင့်ရယူနိုင်ခဲ့ခြင်းဟာ Netflix subscription ရယူထားတဲ့သူများအဖို့တော့ သတင်းကောင်းတစ်ပုဒ်လို့ ဆိုရမှာပါပဲ။ 

Netflix ဖက်ကတော့ Mobile Suit Gundam: Hathaway အတွက် Trailer တစ်ပုဒ်ကို Geeked Week တွင် ချပြသွားခဲ့ခြင်းမှလွဲ၍ အခြားတရားဝင်ကြေငြာမှုများကိုပြုလုပ်သေးခြင်း မရှိသေးသော်လည်း myanimelist မှ ရေးသားထားတဲ့ သတင်းတစ်ပုဒ်အရ အဆိုပါရုပ်ရှင်ကို အချို့သောနေရာများတွင် လာမည့် ဇူလိုင်လ ၁ရက်နေ့၊ ၂၀၂၁ ခုနှစ်မှစတင်၍ streaming ပြုလုပ်၍ ကြည့်ရှုနိုင်တော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။