Microsoft Winds Down Its Business In Russia

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.6.2022 | Microsoft မှ ရုရှားနိုင်ငံအတွင်းရှိ ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းများကိုလျှော့ချခဲ့ 

ရုရှားနိုင်ငံမှ ယူကရိန်းသို့ ကျူးကျော်ပြီး (၃) လခန့်အကြာတွင် Microsoft က ရုရှားနိုင်ငံအတွင်းရှိ ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းအတော်များများကိုလျှော့ချခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

Microsoft ဟာ ရုရှားနိုင်ငံအတွင်း ထုတ်ကုန်နှင့်ဝန်ဆောင်မှုအသစ်များကို ပေးအပ်ဖို့ မတ်လအစောပိုင်းတွင် ရုတ်သိမ်းခဲ့ပြီး ယခုအခါ Bloomberg မှ သတင်းများအရ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို စတင်လျှော့ချမှု ပြုလုပ်သွားမှာဖြစ်တဲ့အတွက် Microsoft က ဝန်ထမ်းပေါင်း ၄၀၀ ခန့်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရှိရပါတယ်။ 

“ရုရှားနိုင်ငံအတွင်းရှိကျွန်ုပ်တို့ရဲ့လုပ်ငန်းများအပေါ်ထိခိုက်မှုရှိလာပြီး စီးပွားရေးရှုထောင့်တွင် အပြောင်းအလဲများဖြစ်ပေါ်လျှက်ရှိနေတဲ့အတွက် ရုရှားနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့်ဆက်နွယ်သောဆောင်ရွက်ချက်များကို ဒီကဲ့သို့လျှော့ချဖို့ ကျွန်ုပ်တို့ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ရပါတယ်” ဟူ၍ Microsoft ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ “ရုရှားနိုင်ငံသားသုံးစွဲသူများနဲ့ ကျွန်ုပ်တို့အကြားတွင် ရှိပြီးသားဖြစ်တဲ့ သဘောတူညီချက်များကိုတော့ ဆက်လက်၍ဆောင်ရွက်ပေးသွားဦးမှာဖြစ်သော်လည်း အသစ်ထပ်မံရောင်းချမှုများကိုတော့ ထပ်မံ၍ကန့်သတ်ထားဦးမှာဖြစ်ပါတယ်” ဟူ၍လည်း သူကပြောကြားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။