Microsoft will invest $1 Billion over the next five years in Malaysia

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.4.2021 | မလေးရှားနိုင်ငံအတွင်း Microsoft မှ လာမည့် ၅ နှစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့်ရင်းနှီးမြှုပ်နှံသွားမည် 

The Verge သတင်းစာမှ သတင်းတစ်ပုဒ်အရ - Microsoft Corporation ဟာ လာမည့် ၅ နှစ်တာကာလအတွင်း မလေးရှားနိုင်ငံတွင် ဒေသခံကုမ္ပဏီများနှင့် အစိုးရအေဂျင်စီများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့်ကို ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Muhyiddin Yassin မှ တင်္နလာနေ့မနက်က ပြောကြားသွားခဲ့ပါတယ်။ 

အဆိုပါ အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီကြီးထံမှ ရင်းနှီးမြှုပ်နှံမှုများဟာ မလေးရှားနိုင်ငံမှ Microsoft, Google, Amazon နဲ့ နိုင်ငံပိုင် Telecom ကုမ္ပဏီတစ်ခုဖြစ်တဲ့ Telekom Malaysia တို့အနေဖြင့် ကြီးမားသော ဒေတာစင်တာများကိုတည်ဆောက်၍ စီမံခန့်ခွဲရန်နှင့် Cloud ဝန်ဆောင်မှုများပေးအပ်သွားနိုင်ရန် ခွင့်ပြုချက်ပေးအပ်ခဲ့ပြီးနောက် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ထို့အပြင် မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအကြား အကြီးဆုံးကျဆင်းမှုတစ်ခုဖြစ်တဲ့ Foreign Direct Investments (FDI) များ 68% အထိ ကျဆင်းခဲ့တာကို တွေ့ကြုံခဲ့ရပြီးနောက်တွင် အဆိုပါခွင့်ပြုချက်ကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုအခါတွင်တော့ မလေးရှားနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့ကောင်းမွန်တဲ့ နေရာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်တော့မှာဖြစ်ပြီး မကြာသေးမှီက မလေးရှားနိုင်ငံဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးမှလည်း သူတို့ဟာ ပိုမိုများပြားတဲ့ FDI ကုမ္ပဏီများကို ဆွဲဆောင်နိုင်စေဖို့အတွက် အကျိုးခံစားခွင့်များပေးအပ်သွားဖို့ စီစဉ်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။