Microsoft is planning to integrate ads into their F2P games on Xbox

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.4.2022 | Microsoft မှ Xbox ပေါ်ရှိ ၎င်းတို့ရဲ့ free-to-play game များတွင် ကြော်ငြာများကိုထည့်သွင်းပြသရန် စီစဉ်လျှက်ရှိနေ 

Insider မှ သတင်းတစ်ပုဒ်အရ Microsoft ဟာ ၎င်းတို့ရဲ့ free-to-play Xbox game များတွင် ကုန်ပစ္စည်းအမှတ်တံဆိပ်များအနေနဲ့ ၎င်းတို့ရဲ့ ကြော်ငြာများကိုထည့်သွင်းဖော်ပြနိုင်စေမည့် အစီအစဉ်တစ်ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါကိစ္စနဲ့ ဆက်နွယ်နေသူများမှ Insider သို့ ပြောကြားချက်အရ - ၎င်းကြော်ငြာများဟာ ဂိမ်းကစားခြင်းအား အနှောက်အယှက်ဖြစ်စေမှာမဟုတ်ပဲ ဥပမာအားဖြင့် - racing game တစ်ခုအတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များပေါ်တွင် ကြော်ငြာများကိုထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Insider ရဲ့ သတင်းအရင်းအမြစ်များရဲ့ ပြောကြားချက်အရ Microsoft ဟာ အဆိုပါ ကြော်ငြာများမှရရှိလာမည့် အမြတ်ငွေကိုရယူသွားမည်မဟုတ်ပဲ ထိုအစား game developer များနှင့် advertising company များထံသို့ ပြန်လည်မျှဝေပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ကြော်ငြာများဟာ Xbox ပေါ်တွင် ယခုနှစ်ရဲ့ တတိယမြောက် (၃) လတာကာလအတွင်း စတင်ရောက်ရှိလာနိင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။