Microsoft has discontinued the manufacturing of all Xbox One consoles

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.1.2022 | Microsoft မှ Xbox One console များအားလုံးကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ 

Microsoft ဟာ Xbox One console များအားလုံးကိုထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။ Microsoft ဟာ ယခင်က Xbox One X နှင့် digital Xbox One S တို့ကိုလည်း Xbox Series X ကို စတင် launch မပြုလုပ်မှီတွင် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး ထို့နောက်တွင် Xbox One S console များကို ထုတ်လုပ်မှုအား ၂၀၂၀ ခုနှစ်အကုန်တွင် တိတ်တဆိတ်ရပ်ဆိုင်းခဲ့တဲ့အတွက် လက်လီအရောင်းဆိုင်များအနေနဲ့ လက်ရှိအချိန်တွင် ၎င်းတို့ထံတွင် ရှိနေသေးတဲ့ ကုန်ပစ္စည်းများကိုသာ ဆက်လက်ရောင်းချမှုပြုလုပ်နေရတာဖြစ်ပါတယ်။ 

Xbox console product marketing အတွက် senior director တစ်ဦးဖြစ်သူ Cindy Walker ကတော့ “Xbox Series X နှင့် S တို့ရဲ့ ထုတ်လုပ်မှုကို ပိုမို၍ ဦးစားပေးနိုင်ရန် Xbox One console များအားလုံးကို ထုတ်လုပ်နေမှုအား ၂၀၂၀ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှစတင်၍ ရပ်ဆိုင်းခဲ့ပါတယ်” ဟူ၍ The Verge သို့ ပြောကြားခဲ့ပါတယ်။ 

Microsoft ရဲ့အတည်ပြုချက်အရ - Sony ဟာ PS4 များကိုထုတ်လုပ်နေခြင်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်ရပ်ဆိုင်သွားဖို့ စီစဉ်ထားတယ်လို့ သိရှိရသော်လည်း ယခုအချိန်အထိမှာတော့ Sony ဟာ ၂၀၂၂ ခုနှစ်အတွင်းတွင် PS4 console များ ၁ သန်းခန့်ကို ထုတ်လုပ်လျှက်ရှိနေပြီဖြစ်တယ်လို့လည်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။