Microsoft has been discussing with Discord for the acquisition of the app

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.4.2021 | Microsoft မှ Discord အားဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျှက်ရှိနေ 

Bloomberg မှ သတင်းတစ်ပုဒ်အရ - Microsoft နဲ့ Discord တို့ဟာ video game fan များအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်စေမည့် သဘောတူညီချက်တစ်ခုကိုပြုလုပ်လျှက်ရှိနေကြောင်းနဲ့ ယခုအခါ အဆိုပါ app ကို Microsoft မှ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံဖြင့် ဝယ်ယူရန် ဆွေးနွေးမှုများကိုပြုလုပ်လျှက်ရှိနေကြောင်း သိရှိခဲ့ရပြီး အဆိုပါသဘောတူညီချက်ဟာ ကုမ္ပဏီ ၂ ခုကို ပူးပေါင်း၍ Gamer များအပြင် အခြားသောအသုံးပြုသူပရိသတ်ထုကို ဆွဲဆောင်နိုင်လာစေမှာပဲဖြစ်ပါတယ်။ 

Programmer နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်ကြသော Mr Jason Citron နဲ့ Mr Stan Vishnevskiy တို့ဟာ Discord ကို ၂၀၁၅ ခုနှစ်တွင် San Francisco မြို့တွင်စတင်တည်ထောင်ခဲ့ကြပြီး မူရင်းရည်ရွယ်ချက်မှာ  video game များဆော့ကစားရင်း လူများအနေဖြင့် အတူတကွစကားစမြည်ပြောဆိုနိုင်စေမည့် platform တစ်ခုအဖြစ် ရည်ရွယ်ခဲ့ကြကာ Voice call များ၊ Video call နဲ့ Text message များအတွက် အခမဲ့ဝန်ဆောင်မှု ပေးခဲ့ကြတဲ့အပြင် user များအနေနဲ့ သူတို့ကစားနေတဲ့ ဂိမ်းရဲ့အမည်ကိုကြေငြာနိုင်ခြင်းကဲ့သို့သော gamer-friendly feature များကိုလည်း ထည့်သွင်းပေးခဲ့ပါသေးတယ်။ 

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း Discord ဟာ လူကြိုက်များသော multiplayer game များဖြစ်ကြတဲ့ Fortnite, FallGuys, AmongUs, League of Legends, Call of Duty အစရှိတဲ့ game title များနဲ့အတူ ရေပန်းစားလာခဲ့ပြီး ကပ်ရောဂါကာလအတွင်းတွင် လူများဟာအပြင်ထွက်၍မရတဲ့အတွက် video game များကို ယခင်ကထက်ပို၍ ဆော့ကစားလာတာနဲ့အတူ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့နည်းလမ်းများကို ရှာဖွေလာကြရာတွင် Discord ဟာ လိုအပ်သောသူများအတွက် စုစည်းရာ၊ စုဝေးရာနေရာတစ်ခုဖြစ်လာခဲ့ပြီး အထူးသဖြင့် Black Lives Matter movement၊ အိမ်စာများပြုလုပ်ခြင်း၊ စာအုပ်ချစ်သူအဖွဲ့များနဲ့ အခြားသော အဖွဲ့အစည်းများအနေဖြင့် “စကားစမြည်ပြောဆိုနိုင်မည့်” နေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။