Microsoft has announced the deadline of Internet Explorer for users

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.5.2021 | အသုံးပြုသူများအနေဖြင့် Internet Explorer ကို ဆက်လက်အသုံးပြုနိုင်ခွင့်ရှိမည့် နောက်ဆုံးရက်ကို Microsoft မှ ကြေငြာ

Internet Explorer web browser အား ဂျွန်လ ၁၅ ရက်နေ့၊ ၂၀၂၂ ခုနှစ်နောက်ဆုံးထား၍ ပိတ်သိမ်းသွားမှာဖြစ်ကြောင်း Microsoft မှ ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ 

Windows 10 ပေါ်ရှိ Internet Explorer ရဲ့ အနာဂါတ်ဟာ Microsoft Edge တွင်ရှိနေပါတယ်လို့ ဒီနေရာကနေ ကျွန်ုပ်တို့က ကြေငြာပေးချင်ပါတယ်။” ဟူ၍ Microsoft Edge ရဲ့ Program Manager ဖြစ်သူ Sean Lyndersay မှ ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့က blog post တစ်ခုတွင် ကြေငြာခဲ့ပါတယ်။ “Microsoft Edge ဟာ ပိုမိုမြန်ဆန်ပြီး၊ ပိုမို၍လုံခြုံမှုရှိသည်သာမက၊ Internet Explorer နှင့် နှိုင်းစာလိုက်ပါက ပိုမို၍ခေတ်မှီသော browsing experience ကို ပေးစွမ်းနိုင်မှာဖြစ်တဲ့အပြင် အဓိကပြဿနာတစ်ခုဖြစ်တဲ့ ဟောင်းနွမ်းနေပြီဖြစ်သော legacy website များနှင့် application များနှင့်ပါ တွဲဖက်အသုံးပြုနိုင်စွမ်းလည်းရှိနေပါတယ်။” 

Microsoft Edge ဆိုသည်မှာ Windows 10 နှင့် Xbox One တို့အတွင်း ၂၀၁၅ ခုနှစ်အတွင် Microsoft မှ  ထည့်သွင်းပေးခဲ့သော web browser အသစ်တစ်ခုဖြစ်ပါတယ်။ ယခုအခါ Microsoft မှ Internet Explorer web browser ကို ပိတ်သိမ်းတော့မှာဖြစ်ပေမယ့်လည်း Edge တွင် “IE mode” ပါဝင်လာမှာဖြစ်တဲ့အတွက် အသုံးပြုသူများအနေနဲ့ Internet Explorer အပေါ် အခြေခံထားတဲ့ website များနှင့် app များကို Edge မှ တဆင့် တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ Microsoft ဟာ အဆိုပါ Internet Explorer mode ကို Microsoft Edge တွင် ၂၀၂၉ ခုနှစ်အထိ ဆက်လက်၍ support ပြုလုပ်ပေးသွားဖို့ကိုလည်း ကတိပြုခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။