Microsoft Announced Windows 11 will come with Android apps

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.7.2021 | Windows 11 ဟာ Android app များနှင့်အတူ ထွက်ရှိလာမှာဖြစ်ကြောင်း Microsoft မှ ကြေငြာ 

ဇွန်လ၊ ၂၄ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့တဲ့ Micrsoft ရဲ့ “What’s next for Windows event” တွင် သူတို့ရဲ့နောက်ဆုံးပေါ် operating system ဖြစ်တဲ့ Windows 11 တွင် ဒီဇိုင်းအသစ်နှင့် လုပ်ဆောင်ချက်အသစ်များ ပါဝင်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Microsoft app store ရဲ့ အကြီးမားဆုံးအားနည်းချက်ကျတော့ ရယူအသုံးပြုနိုင်တဲ့ app များနည်းပါးနေခြင်းပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ Microsoft မှ Windows 11 ပေါ်တွင် Android app များကို ထည့်သွင်း၍ ရနိုင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပြီဖြစ်တဲ့အတွက် သင့်အနေနဲ့ Android app များကို Windows OS ပေါ်တွင် ဖွင့်နိုင်ရန်အတွက် Emulator ကို install ပြုလုပ်ရန် လိုအပ်တော့မှာမဟုတ်ပါဘူး။ အဆိုပါ app များကို Start Menu ပေါ်တွင်တွေ့မြင်နိုင်တော့မှာဖြစ်သလို Task bar ပေါ်တွင်လည်း သီးသန့် icon များဖြင့် ပြသပေးသွားမှာဖြစ်ပြီး desktop shortcut များဖြင့် တိုက်ရိုက်ဖွင့်လှစ်၍ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

သတင်းများအရ Microsoft Store ပေါ်သို့ android app များ မကြာမှီရောက်ရှိလာတော့မှာဖြစ်ပြီး Amazon ရဲ့ App Store ပေါ်မှတစ်ဆင့်လည်း install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Microsoft ရဲ့ ပြောကြားချက်အရ အဆိုပါ Android app များကို Windows 11 ထည့်သွင်းထားတဲ့ AMD စနစ်များတွင်လည်း အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။