Meta’s shutting down its digital wallet, Novi

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.7.2022 | Meta မှ ၎င်းတို့ရဲ့ Digital Wallet – Novi ကို ပိတ်သိမ်းရန် စီစဉ်လျှက်ရှိ

Meta ဟာ ၎င်းတို့ရဲ့ digital wallet ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Novi ရဲ့ digital wallet နှင့် ၎င်းရဲ့ အဆင်မပြေဖြစ်နေတဲ့ cryptocurrency project ကို ပိတ်သိမ်းလျှက်ရှိနေပြီဖြစ်ကြောင်း Bloomberg မှ သတင်းများအရ သိရှိရပါတယ်။

Novi ရဲ့ website ပေါ်တွင် Meta မှ “၎င်းတို့ရဲ့ wallet ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပိတ်သိမ်းသွားတော့မှာဖြစ်ကြောင်း ကြေငြာထားပြီး အသုံးပြုသူများကို ၎င်းတို့ရဲ့ cryptocurrency များကို အမြန်ဆုံး ထုတ်ယူထားကြဖို့” တိုက်တွန်းထားပါတယ်။

အသုံးပြုသူများအနေနဲ့ လာမည့် စက်တင်ဘာလတွင် ၎င်းတို့ရဲ့အကောင့်များကို ဝင်ရောက်အသုံးပြုခွင့် ဆုံးရှုံးမှာဖြစ်ပြီး Novi platform ပေါ်သို့ ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ထပ်မံငွေဖြည့်သွင်းမှုပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အကယ်၍ တစ်ဦးတစ်ယောက်က ၎င်းတို့ရဲ့လက်ကျန်ငွေများကို ထုတ်ယူဖို့မေ့လျော့နေခဲ့ပါက ၎င်းတို့အနေနဲ့ ထိုသူများရဲ့ သက်ဆိုင်ရာငွေကြေးများကို ၎င်းတို့ရဲ့ ဝန်ဆောင်မှုနဲ့ ချိတ်ဆက်ထားသော ဘဏ်အကောင့် (သို့မဟုတ်) debit card များထဲသို့ ပြန်လည်လွှဲပြောင်းပေးရန် ကြိုးစားသွားမှာဖြစ်တယ်လို့ Meta က ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။