Mercedes-Benz announced a new Electric SUV in the US

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.4.2022 | အမေရိကတိုက်တွင်ရောင်းချသွားမည့် လျှပ်စစ် SUV ကားအသစ်ကို Mercedes-Benz မှ ကြေငြာမှုပြုလုပ်

Mercedes-Benz မှ မကြာသေးမှီကထုတ်လုပ်ခဲ့သော ၎င်းတို့ရဲ့ Luxury EQS sedan ကားအပြင် နောက်ထပ် EQS SUV လို့အမည်ပေးထားတဲ့ (၇) ယောက်စီး လျှပ်စစ် SUV ကားကို ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကြောင်း ဧပြီလ၊ ၁၅ ရက်နေ့က ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါကားဟာ ၃၇၃ မိုင် (၆၀၀ ကီလိုမီတာခန့်) မောင်းနှင်နိုင်မှာဖြစ်ပြီး Tesla Model X နှင့် BMW iX တို့နှင့် ယှဉ်ပြိုင်ကာ အမေရိကတိုက်တွင် ယခုနှစ်နှောင်းပိုင်းမှစတင်၍ ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Mercedes မှ အဆိုပါကားကိုရောင်းချသွားမည့်ဈေးနှုန်းကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ လက်လီရောင်းဈေးဟာ ကန်ဒေါ်လာ ၁၁၀,၀၀၀ မှ ၁၃၀,၀၀ အထိရှိနိုင်ပြီး ဒါဟာ Mercedes ရဲ့ အမေရိကတိုက်သို့ရောက်ရှိလာသည့် ပထမဆုံး လျှပ်စစ် SUV ကား ဖြစ်လာမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။