Marvel confirms new Daredevil series for Disney Plus

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.8.2022 | Marvel မှ Disney Plus တွင် Daredevil ရုပ်ရှင်စီးရီးအသစ်အားထုတ်လွှင့်ပြသသွားရန်ရှိကြောင်း အတည်ပြုပြောကြားခဲ့ 

Live-action Daredevil ရုပ်ရှင်စီးရီးအသစ်တစ်ခုကို Disney Plus တွင် မကြာမှီကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ Comic-Con ပွဲရဲ့ ညနေခင်းမှာ Marvel က ဒီရုပ်ရှင်စီးရီးကို ရိုက်ကူးနေတဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ 

အဆိုပါရုပ်ရှင်စီးရီးကို Daredevil: Born Again လို့ အမည်ပေးထားပြီး ပရိသတ်များအနေနဲ့ Charlie Cox နှင့် Vincent D'Onofrio တို့ကို Daredevil နှင့် the Kingpin အဖြစ် နောက်တကြိမ်ထပ်မံ၍ တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ 

ဒီရုပ်ရှင်စီးရီးဟာတော့ Disney Plus ပေါ်ကို ၂၀၂၄ ခုနှစ် နွေဦးရာသီလောက်မှာ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး လက်တလောမှာ နောက်ထပ် MCU မှ Disney Plus ပေါ်သို့ ရောက်ရှိလာမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်တစ်ခုကတော့ She-Hulk ပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။