Lucid Motors will use Nvidia’s auto-grade chips to power autonomous driving

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.4.2022 | Lucid Motors မှ Nvidia ရဲ့ auto-grade chip ပြားများကို အသုံးပြု၍ အလိုအလျှောက်မောင်းနှင်နိုင်သော ကားများကို တည်ဆောက်သွားရန်ရှိနေ

Lucid Motors မှ Nvidia ရဲ့ auto-grade ကွန်ပျူတာချစ်ပ်ပြားများကို ၎င်းတို့ရဲ့ ယာဉ်များတွင်ထည့်သွင်း၍ advance driver assistance နှင့် အလိုအလျှောက်မောင်းနှင်နိုင်သောလုပ်ဆောင်ချက်များကို အသုံးပြု၍ ရနိုင်စေရန် ပြုလုပ်သွားမည်ဟု ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါကြေငြာချက်အရ Lucid Motors ရဲ့ လက်ရှိနှင့် အနာဂါတ်တွင်ထုတ်လုပ်သွားမည့် ယာဉ်များကို Nvidia ရဲ့ end-to-end Drive Hyperion platform ပေါ်တွင် တည်ဆောက်သွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Hyperion ဆိုသည်မှာ Nvidia ရဲ့ Drive platform နောက်ဆုံးပေါ် version အသစ်တစ်ခုဖြစ်ပြီး ၎င်းက ကားထုတ်လုပ်သူများကို ၎င်းတို့ကိုယ်ပိုင် Driving feature များကို စိတ်ကြိုက်ပြင်ဆင်ပြောင်းလဲ ချိန်ညှိမှုများကို ပြုလုပ်၍ ရနိုင်စေမှာဖြစ်ပါတယ်။ ဒီ hardware အသစ်ဟာ အလိုအလျှောက်ယာဉ်မောင်းနှင်မှု လုပ်ဆောင်ချက်အသစ်များဖြစ်တဲ့ advance driver assistance system (ADAS), အလိုအလျှောက် ကားပါကင်ထိုးခြင်း၊ အလိုအလျှောက် ယာဉ်မောင်းနှင်ခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်လို့ Lucid Motors မှ ပြောကြားသွားခဲ့ပါတယ်။

Lucid ဟာ ၎င်းတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားဖြစ်တဲ့ Lucid Air ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီးနောက် ယခုအခါ နောက်ထပ် Project Gravity လို အမည်ပေးထားတဲ့ တာဝေးပြေး လျှပ်စစ် SUV တစ်မျိုးကို စတင်၍ ထုတ်လုပ်နိုင်ရန် အစီအစဉ်များပြုလုပ်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ Lucid ရဲ့ ပြောကြားချက်အရ ၎င်းတို့ဟာ Gravity ကို အပြီးသတ်ထုတ်လုပ်ရောင်းချနိုင်မည့်နေ့ကို ကုန်ကြမ်းပစ္စည်းတင်ပို့နိုင်ရန် ခက်ခဲခြင်းနှင့် ကမ္ဘာ့ချစ်ပ်ပြားရှားပါးမှုပြဿနာများကြောင့် ၂၀၂၄ ခုနှစ်သို့ ရွှေ့ဆိုင်းထားရကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။