Life360 acquired Tile – a tracking device company

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.12.2021 | Tracking device company တစ်ခုဖြစ်တဲ့ Tile ကို Life360 မှ ဝယ်ယူမှုပြုလုပ်ခဲ့ 

တည်နေရာပြ accessory တစ်မျိုးကိုစတင်တီထွင်ခဲ့တဲ့ Tile လို့ အမည်ရတဲ့ ကုမ္ပဏီကို Life360 ဆိုတဲ့ မိသားစုဝင်များအနေနဲ့ တစ်ဦးနဲ့ တစ်ဦးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ခြေရာခံစောင့်ကြည့်နိုင်ဖို့ ဝန်ဆောင်မှုပေးလျှက်ရှိနေတဲ့ ကုမ္ပဏီတစ်ခုမှ ဝယ်ယူလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါဝယ်ယူမှုဟာ ကန်ဒေါ်လာ ၂၀၅ သန်း ကျသင့်မှာဖြစ်ပြီး ၎င်းကို လာမည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် အတည်ပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Tile ရဲ့ လက်ရှိ CEO ဖြစ်တဲ့ C.J.Prober ကတော့ Tile ကို ဆက်လက်၍ စီမံခန့်ခွဲမှုပြုလုပ်သွားရဦးမှာဖြစ်ပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင် branding ကိုလည်း ဆက်လက်၍ ထိန်းသိမ်းထားနိုင်မှာဖြစ်သလို ဝန်ထမ်းများကိုလည်း ဆက်လက်၍ ခန့်အပ်ထားရှိမှာဖြစ်တယ်လို့သိရှိရပြီး Prober အနေနဲ့ Life360 ရဲ့ board of director အဖွဲ့သို့ ဝင်ရောက်လာမှာဖြစ်ပါတယ်။ 

Life360 တွင် မိသားစုဝင်များအနေနဲ့ တစ်ယောက်ရဲ့ တည်နေရာကို တစ်ယောက် သိရှိနိုင်စေမယ့် လူသုံးများတဲ့ app တစ်ခုလည်း ရှိနေပြီဖြစ်ပြီး ၎င်း app မှတဆင့် မတော်တဆဖြစ်ပွားမှုများနဲ့ အခြားသောကိစ္စများကို အသိပေးမှုများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Tile ကို ဝယ်ယူလိုက်ခြင်းအားဖြင့် Life360 အနေနဲ့ ၎င်းတို့ရဲ့ အသုံးပြုသူများကို အရာဝတ္ထုများနှင့် အိမ်မွေးတိရိစ္ဆာန်များအထိပါ ခြေရာခံမှုပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။