LG confirms the name of their new smartphone

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.9.2020 | LG က ထွက်ရှိလာမည့်စမတ်ဖုန်းအသစ်ရဲ့အမည်ကို အတည်ပြုခဲ့

LG က သူတို့ရဲ့နောက်ထွက်ရှိလာမယ့် စမတ်ဖုန်းရဲ့အမည်ဟာ Wing ဟုခေါ်တွင်သွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပြီး အဆိုပါစမတ်ဖုန်းကို စက်တင်ဘာလ ၁၄ရက်နေ့မှာပြုလုပ်မယ့်ကြေငြာချက်တွင်ထုတ်ဖော် ပြသသွားမှာပဲဖြစ်ပါတယ်။ ဒီ device တွင် screen ၂ ခုပါဝင်မှာဖြစ်ပြီး T ပုံသဏ္ဍန်ရရှိအောင်လှည့်၍ရနိုင်တဲ့ sliding mechanism နဲ့ဆင်တူတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။ 

အဆိုပါလှည့်၍ရနိုင်တဲ့ screen အပြင် အဆိုပါ device ဟာ 5G ကို support ပေးသွားမှာဖြစ်ပြီး၊ triple-rear ကင်မရာနှင့် 64-megapixel main sensor နဲ့ Snapdragon 7 စီးရီး processor တို့ ပါဝင်လာမှာဖြစ်ပါတယ်။ 

အဆိုပါ device ဟာ LG က သူတို့ရဲ့ Explorer Project ရဲ့အောက်မှာစတင်ဖြန့်ချီမယ့် ပထမဆုံးစမတ်ဖုန်း ဖြစ်လာမှာဖြစ်ပြီး မိုဘိုင်းလ်ဖုန်းအမျိုးအစားအသစ်တစ်ခုလဲဖြစ်နေပါတယ်။ LG ကတော့ သူတို့ဟာ mobile device များနဲ့ထိတွေ့နိုင်မယ့်နည်းလမ်းအသစ်များကိုရှာဖွေနေတာဖြစ်ပြီး သီးသန့်ဆန်တဲ့ user norms များကို ရရှိအောင်ဆောင်ရွက်ဖို့ကို စိန်ခေါ်ပြုလုပ်နေတာဖြစ်တယ်လို့ ရှင်းလင်းပြောကြားသွားခဲ့ပြီး “Wings ဟာ သာမန်စမတ်ဖုန်းများမပေးနိုင်တဲ့ တစ်မူထူးခြားတဲ့ mobile experience ကိုပေးစွမ်းနိုင်မှာဖြစ်တယ်လို့လဲ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။