League of Legends World Championship moved from China to EU

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.9.2021 | League of Legends ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်နိုင်ငံမှ ဥရောပသို့ ပြောင်းရွှေ့ကျင်းပခဲ့ 

Riot Games မှ ကမ္ဘာ့အကြီးမားဆုံး Esports ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၂၁ ခုနှစ် League of Legends ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်နိုင်ငံမှ လက်ရှိတွင်အတည်မပြုရသေးတဲ့ ဥရောပနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပသွားမှာဖြစ်ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

Video ထဲတွင် Riot ရဲ့ Global Head of Esports ဖြစ်သူ John Needham မှ ခရီးသွားမှုအပေါ် တားမြစ်ပိတ်ဆို့မှုများနဲ့ COVID-19 လုပ်ထုံးလုပ်နည်းများကြောင့် ဒီပြိုင်ပွဲကို တရုတ်နိုင်ငံတွင်ကျင်းပနိုင်ဖို့ဟာ အလွန်ပဲခက်ခဲနေတဲ့အတွက် “ဖြစ်နိုင်ခြေများအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် ကျွန်ုပ်တို့အနေနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ဥရောပသို့ ပြောင်းရွှေ့လိုက်ခြင်းဟာ ပြိုင်ပွဲဝင်အသင်းအများစုနဲ့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားများအတွက် အကောင်းဆုံးအခွင့်အလမ်းကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟူ၍ Needham မှ ရှင်းလင်းပြောပြခဲ့ပါတယ်။ 

“ယခုအချိန်မှာတော့ ဘယ်ဥရောပနိုင်ငံမှာ ယခုနှစ်အတွက် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမလဲဆိုတာကို ကြေငြာဖို့အဆင်သင့်မဖြစ်သေးသော်လည်း ပြိုင်ပွဲဝင်အသင်းများအားလုံးနှင့် သူတို့ရဲ့အကောင်းဆုံးကစားသမားများ လာရောက်၍အဆင်ပြေနိုင်ဖို့ဟာ အဓိကအရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်” ဟူ၍လည်း Needham မှ ပြောကြားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။