League of Legends: RIOT made collabs with UNIQLO to produce T-shirts

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.4.2021 | League of Legends: RIOT နှင့် UNIQLO တို့ ပူးပေါင်း၍ T-shirt များထုတ်လုပ်

League of Legends နှင့် UNIQLO (ဖက်ရှင် brand တစ်ခု) တို့မှ In-game character တစ်ဦးဖြစ်တဲ့ Ahri မှ UNIQLO ရဲ့ T-shirt ကို ဝတ်ဆင်ထားပုံအား သူတို့ရဲ့ social media အကောင့်များတွင် အသီးသီးပို့စ်တင်ခဲ့ကြပြီးနောက် UT line T-shirt များထုတ်လုပ်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားရန်ရှိကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါပူးပေါင်းမှုဟာ ကျော်ကြားသော 5v5 MOBA game တစ်ခုဖြစ်တဲ့ League of Legends ကိုအဓိကထားသွားမှာဖြစ်ပြီး သူတို့ရဲ့ champion များ (Jinx ကတော့ သေချာပါတယ်) နှင့် League ရဲ့ လူကြိုက်များတဲ့ skin line တစ်ခုဖြစ်တဲ့ K-POP theme skin line - K/DA တို့အပြင် အခြားသော in-game element များဖြစ်တဲ့ (Poro များ) ပါဝင်လာမှာပဲဖြစ်ပါတယ်။ 

တင်ထားတဲ့ ပို့စ်များအရ စုစုပေါင်း T-shirt ဒီဇိုင်း ၆ ခုကို တွေ့မြင်ခဲ့ရပြီး size အရတော့ XXS မှ 3XL အထိ ရရှိနိုင်မှာဖြစ်ကာ ပရိသတ်များအနေနဲ့ အဆိုပါ T-shirt များကို အမေရိကန်ဒေါ်လာ ၁၉.၉၀ ခန့်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ T-shirt များကို UNIQLO ရဲ့ website နဲ့ ကမ္ဘာတစ်လွှားရှိ အခြားအရောင်းဆိုင်များပေါ်တွင် တွေ့မြင်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။