Japan will start punishing “online insults” up to a year in prison

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.7.2022 | ဂျပန်နိုင်ငံတွင် Online ပေါ်ရှိ စော်ကားပြောဆိုမှုပြုလုပ်သူများကို ထောင်ဒါဏ်ဖြင့်စတင်အပြစ်ပေးနေ 

ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ဂျပန်နိုင်ငံတွင် Online ပေါ်ရှိ စော်ကား၊ တိုက်ခိုက်လိုသည့်ရည်ရွယ်ချက်ဖြင့် post ပြုလုပ်ခြင်း၊ ရေးသားခြင်း၊ comment ပြုလုပ်ခြင်းများအတွက် ထောင်ဒါဏ် ၁ နှစ်အထိ ပြစ်ဒါဏ်ပေးနိုင်မည့် ဥပဒေတစ်ရပ်ကို စတင်အသက်သွင်းလိုက်ပြီပဲဖြစ်ပါတယ်။ 

ဒါ့အပြင် Online ပေါ်မှ စော်ကားပြောဆိုမှုပြုလုပ်သူများကို ဂျပန်ယန်း ၃၀၀,၀၀၀ (USD 2,200) အထိ ဒါဏ်ကြေးလည်းချမှတ်နိုင်မှာဖြစ်ပါတယ်။ ယခင်ကတော့ ဒီကဲ့သို့ကျူးလွန်သူများကို ၁ လထက်မပိုသော ထောင်ဒါဏ်နှင့် ယန်း ၁၀,၀၀၀ (USD 75) သာ ဒါဏ်ကြေးသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ 
အဆိုပါဥပဒေဟာ လွတ်လပ်စွာပြောဆိုပိုင်ခွင့်အပေါ် ထိခိုက်မှုရှိလာနိုင်သည်ဟု ဝေဖန်ရေးသမားများက ထောက်ပြလာမှုအပေါ် လာမည့် ၃ နှစ်တာကာလအတွင်း ထိုသို့သက်ရောက်နိုင်ခြေရှိ၊ မရှိအား အကဲဖြတ် စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သိရှိရပြီး ထောက်ခံသူများကတော့ ဒါဟာ Online ပေါ်မှ အနိုင်ကျင့်မှု (Cyberbullying) ကို လျော့နည်းသွားစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဥပဒေတစ်ရပ်ဖြစ်တယ်လို့ ပြောဆိုနေခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။