Japan Scientists Breaks Internet Speed Record

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.7.2021 | ဂျပန်နိုင်ငံရှိ သိပ္ပံပညာရှင်များမှ အင်တာနက်မြန်နှုန်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့

သတင်းများအရ ဂျပန်နိုင်ငံရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ အမျိုးသားတက္ကသိုလ် - National Institute of Information and Communications Technology (NICT) ရှိ သိပ္ပံပညာရှင်များဟာ အင်တာနက်ဒေတာပို့လွှတ်မှုမြန်နှုန်းစံချိန်ကို 319 Tbps မြန်နှုန်းဖြင့် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဒါဟာ ဩဂုတ်လ ၂၀၂၀ ခုနှစ်တွင် ဗြိတိန်နှင့် ဂျပန်သုသေသနပညာရှင်များမှ စံချိန်တင်ထားခဲ့တဲ့ 179 Tbps စံချိန်ထက် ၂ ဆခန့်ပိုသော စံချိန်တစ်ခုပဲဖြစ်ပါတယ်။

ဒီအောင်မြင်မှုကို NICT မှ fiber optic line ရဲ့ အဆင့်တိုင်းကို upgrade ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပြီး ၎င်းတွင် ပုံမှန် Core ၁ ခုအစား Core ၄ ခုပါဝင်နေပါတယ်။ သုသေသနပညာရှင်များဟာ အဆိုပါ fiber optic line အတွင်းသို့ 552-channel comb laser ကို မတူညီတဲ့ လှိုင်းအလျားများစွာဖြင့် ပစ်ခတ်၍ မြေရှားဒြပ်စင်များနဲ့ ပြုလုပ်ထားတဲ့ amplifier များရဲ့ အထောက်အပံ့ပေးမှုများဖြင့်ပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါစမ်းသပ်မှုဟာ ဓါတ်ခွဲခန်းအတွင်းတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ဂျပန်သိပ္ပံပညာရှင်အဖွဲ့ဟာ fiber ကို အသုံးပြု၍ ဒေတာများကို ၁၈၆၄ မိုင်အကွာအဝေးသို့ signal အရည်အသွေးနှင့် မြန်နှုန်းတို့ ကျဆင်းခြင်း တစ်စုံတစ်ရာမရှိပဲ ပေးပို့နိုင်ခဲ့ကြပါတယ်။ များစွာသော စမ်းသပ်ချက်များနည်းတူ ဒီနည်းပညာကို လက်တွေ့မှာအသုံးချနိုင်ဖို့ဟာ အချိန်လိုအပ်ဦးမှာဖြစ်ပြီး ဈေးနှုန်းကြီးမြင့်မှုများရှိလာနိုင်သော်လည်း အနာဂါတ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာရနိုင်ဖို့ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။