Intel sells their NAND memory chip business for $9 billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.11.2020 | Intel က သူတို့ရဲ့ NAND memory chip လုပ်ငန်းကို အမေရိကန်ဒေါ်လာ $9 billion ဖြင့် ရောင်းချခဲ့ 

CNN Business သတင်းများအရ US chipmaker ကုမ္ပဏီတစ်ခုဖြစ်တဲ့ Intel ဟာ သူတို့ရဲ့ memory chip လုပ်ငန်းရဲ့ တစိတ်တပိုင်းကို SK Hynx သို့ အမေရိကန်ဒေါ်လာ ၉ ဘီလီယံဖြင့် ရောင်းချခဲ့တယ်လို့ သိရှိရပါတယ်။ 

Intel ရဲ့ NAND memory chip business ကို ဝယ်ယူဖို့ သဘောတူညီချက်ချုပ်ဆိုအပြီးတွင် ကိုရီးယားကုမ္ပဏီ SK Hynix ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး flash memory chipmaker တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ အဆိုပါသဘောတူညီချက်တွင် chipmaking နှင့် ဆက်စပ်နေသော manufacturing and design patent များနှင့်အတူ တရုတ်နိုင်ငံ၊ ဒါလျံမြို့ရှိ Intel မှပိုင်ဆိုင်ထားတဲ့ စက်ရုံလည်းပါဝင်မှာဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုစလုံးမှ ပြီးခဲ့တဲ့အင်္ဂါနေ့တွင် ထုတ်ပြန်ပြောကြားချက်များအရ သိရှိရပါတယ်။ 

Intel ရဲ့ NAND flash memory ထုတ်ကုန်များဟာ smartphone များ၊ tablet များနဲ့ hard drive များကဲ့သို့ သော device များတွင် ကျယ်ပြန့်စွာအသုံးပြုနေကြတာဖြစ်တဲ့အတွက် SK Hynix ဟာလည်း အနာဂါတ်ရဲ့ flash memory လုပ်ငန်းနယ်ပယ်တွင် ဒုတိယအကြီးဆုံး chipmaker တစ်ဦးဖြစ်လာနိုင်ချေရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။