Intel planning to launch a new chip designed to mine cryptocurrency

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.2.2022 | Cryptocurrency mining ပြုလုပ်ရန် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် chip ပြားအသစ်ကို Intel မှ ဖြန့်ချီသွားရန် စီစဉ်လျှက်ရှိ 

Intel ဟာ cryptocurrency mining ပြုလုပ်ရန် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် chip ပြားအသစ်ဖြင့် blockchain နည်းပညာဈေးကွက်အတွင်း စတင်၍ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ Intel ဟာ တာရှည်ခံနိုင်မှုအပေါ် ပိုမို၍အဓိကထား၍ “energy-efficient အဖြစ်ဆုံး computing နည်းပညာများကို တည်ဆောက်သွားရန်” အစီအစဉ်များရေးဆွဲလျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

Intel ရဲ့ “blockchain accelerator” လို့အမည်ပေးထားတဲ့ အဆိုပါ crypto-focused chip ကို ယခုနှစ်နှောင်းပိုင်းခန့်တွင် စတင်ရောင်းချသွားရန် သတ်မှတ်ထားပြီး ယခုအခါ Bitcoin mining ကုမ္ပဏီတစ်ခုဖြစ်တဲ့ GRIID Infrastructures နှင့် Jack Dorsey ပိုင်ဆိုင်တဲ့ Block (ယခင် Square) ဆိုတဲ့ ကုမ္ပဏီ (၂) ခုကလည်း ကြိုတင်မှာယူမှုများကို ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ 

Intel ရဲ့ senior vice president ဖြစ်သူ Raja Koduri ရဲ့ ကြေငြာချက်အရ - “ကျွန်ုပ်တို့ရဲ့ circuit innovation များဟာ SHA-256 based mining ပြုလုပ်ခြင်းများအတွက် mainstream GPU များထက် အဆ ၁၀၀၀ ပိုမိုကောင်းမွန်သည့် performance per watt ကို ပေးစွမ်းနိုင်မည့် blockchain accelerator ကို ထုတ်လုပ်ရောင်းချပေးနိုင်မှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။