Intel CEO Predicts Chip Shortage Will Last Into 2023.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.7.2021 | ၂၀၂၃ ခုနှစ်အထိ Chip ရှားပါးမှုပြဿနာဟာ ဆက်လက်ရှိနေနိုင်ကြောင်း Intel CEO မှ မှတ်ချက်ပေးခဲ့

ပြီးခဲ့တဲ့နှစ်အတွင်း Chip ရှားပါးမှုပြဿနာများကြောင့် Gaming အပါအဝင် လုပ်ငန်းနယ်ပယ်အများစုတွင် အခက်အခဲများနှင့်တွေ့ကြုံခဲ့ကြရပြီး Graphic Card များနှင့် အခြားသော နည်းပညာပစ္စည်းအသစ်များကို ဝယ်ယူနိုင်ဖို့အတွက် အဆမတန်ဈေးများတက်လျှက်ရှိနေပြီး ဝယ်ယူ၍မရနိုင်အောင် ရှားပါးလျှက်ရှိနေကြောင်း IGN ရဲ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့ပါတယ်။

မကြာသေးမှီက ပြုလုပ်ခဲ့တဲ့ Intel ရဲ့ ဒုတိယ ၃လပတ် အစည်းအဝေးတွင် CEO ဖြစ်သူ Pat Gelsinger မှ အဆိုပါ Chip ရှားပါးမှုပြဿနာဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်၍ဖြစ်ပွားနေနိုင်ပြီး ကုန်ကြမ်းပစ္စည်းရရှိနိုင်မှုနဲ့ သက်ဆိုင်တဲ့ ပြဿနာများကတော့ ၂၀၂၃ ခုနှစ်အထိ ရှိနေနိုင်တယ်လို့ မှတ်ချက်ချခဲ့ကြောင်း သိရှိရပါတယ်။

မေလအတွင်းကလည်း Nvidia ရဲ့ CEO ဖြစ်သူ Jensen Huang မှ ၎င်းတို့ရဲ့ RTX30 စီးရီး Graphic Card များကိုထုတ်လုပ်ဖို့မှာ ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်အထိ ကုန်ကြမ်းပစ္စည်းရှားပါးမှုများနဲ့ တွေ့ကြုံနေရနိုင်ကြောင်း ကြိုတင်ခန့်မှန်းမှုများ ပြုလုပ်ခဲ့သလို Sony ရဲ့ CFO ဖြစ်သူ Hiroki Tokoi ကလည်း ကုမ္ပဏီဟာ PS5 များကို ၂၀၂၂ ခုနှစ်အထိ အရေအတွက်အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ဦးမှာဖြစ်ကြောင်း အသီးသီးပြောကြားခဲ့ကြတယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။