Intel CEO now says the chip shortage will ‘drift’ into 2024

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.5.2022 | ချစ်ပ်ပြားရှားပါးမှုပြဿနာဟာ ၂၀၂၄ ခုနှစ်သို့ ရောက်ရှိလာနိုင်ကြောင်း Intel ရဲ့ CEO မှ‌ ပြောကြားခဲ့

“ကမ္ဘာ့ ချစ်ပ်ပြားရှားပါးလာမှုပြဿနာ” ဟာ ၂၀၂၃ ခုနှစ်အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းမှုပြုလုပ်ခဲ့ပြီး ၆ လအကြာတွင် Intel ရဲ့ CEO Pat Gelsinger က အဆိုပါကိစ္စဟာ ၂၀၂၄ ခုနှစ်အထိ ရှည်ကြာသွားနိုင်တယ်လို့ ဆိုလာခဲ့ပါတယ်။ 

“ဒီကဲ့သို့ semiconductor များအားလုံး ရှားပါးလာခြင်းဟာ ယခင်က ကျနော်တို့ ခန့်မှန်းခဲ့တဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိသို့ ရောက်ရှိလာနိုင်ပါတယ်၊ ဘာလို့လည်းဆိုတော့ ယခုအခါတွင် အဆိုပါရှားပါးမှုဟာ မရှိမဖြစ် အသုံးပြုရမည့် လူသုံးကုန်ပစ္စည်းများထံသို့ပါ ရိုက်ခတ်မှုရှိလာပီဖြစ်ပြီး အချို့သောစက်ရုံများအနေနဲ့ ပိုမို၍ အခက်တွေ့လာနိုင်ပါတယ်” ဟူ၍ သူက CNBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ 

ဒီလိုပြောလိုက်တဲ့အတွက် ဒီကိစ္စဟာ စိတ်ညစ်စရာကောင်းလှတယ်လို့ထင်ရနိုင်ခြေရှိသော်လည်း “ချစ်ပ်ပြားရှားပါးမှု” ဟာ အလုံးစုံပါဝင်ပတ်သက်နေတဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ အခြေအနေတစ်ခုလည်းဖြစ်ပြီး ချစ်ပြားတိုင်းရဲ့ ထုတ်လုပ်မှုကို အချိန်တိုင်း ထိခိုက်မှုရှိမှာမဟုတ်ပါဘူး။ “အချို့သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများနဲ့ အချို့သောအစိတ်အပိုင်းများကို ထုတ်လုပ်မှုဟာ သာမာန်ထက်ပို၍ ဆုံးရှုံးမှုများဖြစ်ပေါ်နေသော်လည်း Intel ရဲ့ ကိုယ်ပိုင်ချစ်ပ်ပြားထုတ်လုပ်မှုဟာတော့ အခြေအနေကောင်းမွန်မှုရှိနေဆဲပဲဖြစ်ပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။