Indonesia Government Banned Steam, Epic Games, PayPal and many online services

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.8.2022 | အင်ဒိုနီးရှားနိုင်ငံအစိုးရမှ Steam, Epic Games, PayPal နှင့် အခြားသော Online ဝန်ဆောင်မှုများစွာကို အသုံးပြုခွင့်ပိတ်ပင်ခဲ့ 

အင်ဒိုနီးရှားနိုင်ငံအစိုးရမှ Steam, Epic Games, PayPal နှင့် Yahoo အပါအဝင် Online ဝန်ဆောင်မှုအချို့ကို ကုမ္ပဏီများဘက်မှ အင်ဒိုနီးရှားနိုင်ငံရဲ့ content moderation ဥပဒေအသစ်များနဲ့ ဆက်စပ်နေတဲ့ လိုအပ်ချက်များကို လိုက်နာနိုင်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ဇူလိုင်လ ၃၁ ရက်နေ့တွင် အဆိုပါဝန်ဆောင်မှုများကို အသုံးပြုခွင့်ပိတ်ပင်ခဲ့ပါတယ်။ 

အဆိုပါဥပဒေအရ "ပုဂ္ဂလိကပိုင် Electronic System Provider" ကုမ္ပဏီများဟု သတ်မှတ်ထားခံရသည့် ကုမ္ပဏီများအနေနဲ့ အင်ဒိုနီးရှားနိုင်ငံအစိုးရရဲ့ database အတွင်း register ပြုလုပ်ပြီးမှသာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဝန်ဆောင်မှုများကိုပေး၍ရနိုင်မှာဖြစ်ပြီး ထိုသို့ပြုလုပ်နိုင်ခြင်းမရှိပါက တစ်နိုင်ငံလုံးတွင် အသုံးပြုခွင့်ပိတ်ပင်ခြင်းကို ခံရမှာဖြစ်ပါတယ်။ 

သတင်းများအရ အင်ဒိုနီးရှားနိုင်ငံအစိုးရအဖွဲ့ဘက်မှ ကုမ္ပဏီများကို ဇူလိုင်လ ၂၇ ရက်အထိ အချိန်စောင့်ဆိုင်းပေးခဲ့ပြီးနောက် ထိုသို့ပြုလုပ်ခြင်းမရှိသေးတဲ့ ကုမ္ပဏီများကို အသုံးပြုခွင့်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ယခုအခါတွင်တော့ ဩဂုတ်လ ၃ ရက်နေ့တွင် Steam နှင့် Yahoo တို့ဟာ အသစ်ချမှတ်ထားတဲ့ စည်းမျဉ်းများအတိုင်း Register ပြုလုပ်လိုက်ပြီဖြစ်တဲ့အတွက် ၎င်းတို့ကို ပြန်လည်၍ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိထားပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။